Skip to main content

ခုတလောမှာ...

ခုတလော....


တွေးနေမိတာက
>>>

(၁) သေခြင်းတရား
(၂) ဘ၀ ဆိုတာ...
(၃)  စိတ်ကလေး ဒီထက်ပိုရှည်လာအောင် ဘယ်လို ဆွဲဆန့်ရပါ့.....


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာ>>>

 ပြုပြင်ရန် စာရင်းက ပိုရှည်လာပါကလား..ဘုရား ဘုရား။


ကျန်းမာရေး>>>

ဟာတာတာ.. နုံးချိချိ... ဟိုလိုလို.. ဒီလိုလို..

(အဓိက ကတော့    စိတ်ပေါ့လေ..  အလုပ်လုပ်ရမယ်ဆို    ဟိုလိုလို..ဒီလိုလို.. ဘလော့ဂ်လည်မလား.. ညလုံးပေါက်..ဟဲဟဲ)


ဖတ်ဖြစ်တဲ့စာအုပ်တွေက>> 

ရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀ သံသရာ

မြန်မာအက်ဆေး ၁၀၀

စာရေးသူစိတ်ကြိုက် စာအုပ်တွဲများ

Will work for fun ( BC စာကြည့်တိုက်က ငှားလာတာပါ)


ရောက်နေဖြစ်တာက>>>

ကိုယ်ရှိနေသင့်တဲ့ နေရာတွေကို..


ရေးဖြစ်နေတာက>>>

အခု တက်ဂ် ပို့စ်လေးပေါ့


နားထောင်ဖြစ်နေတာက>>>

စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ... ( MP3 တွေဆိုတော့ မဆုံးနိုင်တော့ဘူးပေါ့)

တခါတခါလည်း ရှင်ဆေကိန္ဒရဲ့ ကလေးတွေ အတွက်ဟောတဲ့ တရားတော်တွေနာပြီး ကလေးတွေနဲ့ အတူတူရယ်မောပေါ့လေ...။


ရွတ်နေမိတဲ့ကဗျာက>>>

ကဗျာတွေတော့ မရွတ်ဖြစ်ပါဘူး.. 


ဖြစ်ချင်နေတာက>>>

ပကတိကြည်လင်အေးချမ်းတဲ့ စိတ်ကလေး...


စားဖြစ်နေတတ်တာက>>>

Serinity က ရွှေတောင်ခေါက်ဆွဲ (ခက်တာပဲ.. ရွှေတောင်ဆို..အဲဒီက မဟုတ်ရင် )

ပရီမီယာ 2 plus 1 ကော်ဖီ နဲ့ တို့စားဖြစ်တဲ့ ဘီစကစ်၊ ရွှေပုစွန်က ပလိန်းကိတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် ။


သနားနေမိတာက>>

သူများကို သနားရအောင် ကိုယ်က ဘာပါလိမ့်လို့ တွေးမိတော့ ကိုယ့်ကိုကိုယ် ပြန်သနားမိရော.:)


လွမ်းနေမိတာက>>>

ချစ်သော သဇင်နဲ့ အတိတ်က မြက်ခင်းစိမ်းများကြားမှာ ပျော်ပါးခဲ့ဖူးတဲ့ သူငယ်ချင်းများရဲ့ ပုံရိပ်တွေကို.....
အို.. ခရေလမ်းရယ် တိုင်လုံးကြီးတွေ နဲ့  ကျောင်းတော်ကြီးရယ်..နွေးအေးရယ်..ပေါင်းကူးရယ်...မလျှောက်ခဲ့ဖူးတဲ့  သြဘာလမ်းရယ်... မှုန်ဝါးဝါး အတိတ်ရဲ့ အရိပ်လေးတွေပါမကျန် လွမ်းတာပေါ့လေ.. 


မေ့လျော့ပစ်နေမိတာက>>>

အခုတလော သတိ  သိပ်မကောင်းချင်တာ မေ့လျော့ပစ်နေမိတာတွေ များသွားလို့ ထင်ရဲ့ :)


ခါးသက်နေမိတာက>>>

နှလုံးနှစ်ခွ မက ရှိသူတွေ...


တမ်းတနေမိတာက>>>

အဖြူရောင်လွလွလေးတွေ.. (သေချာပါတယ်.. ရှိခဲ့ဖူးမှာ...)


ကြိတ်ပြီးချီးကျူးနေမိတာက >>>

လူငယ်တွေ..  လူငယ်တွေ....  (စိတ်ထဲ အမြဲ ချီးကျူးလေးစားနေတာက.. အာဇာနည်တွေ)


ကြိတ်ပြီးအထင်သေးနေမိတာက>>>

ကိုယ့်ကိုကိုယ်ပါပဲ..( ကောင်းတဲ့ စိတ်ကလေး ကြာကြာမနေလို့ လေ.. အဟုတ်ပါပဲ..)



ဆန္ဒမရှိတဲ့နေရာ>>>

အပြုံးတုတွေ ဆင်မြန်းပြီး လျှာဖျားကနေ မှန်ကန်တဲ့ စေတနာမပါတဲ့ စကားလုံးတွေ မိုးလုံးပြည့်နေတဲ့ နေရာ၊ အဲဒီလို နေရာရောက်သွားရင် ကိုယ့်ကိုကိုယ် တခြားကမ္ဘာက လူလိုပဲ.. ဒုက္ခ=ဆင်းရဲခြင်းပါလား။


ဆန္ဒရှိနေတဲ့ကိစ္စ>>>

အစမ်းသေကြည့်ရမယ်....


မုန်းတီးနေမိတာက>>>

မမုန်းနဲ့ ပြောလည်း မုန်းမှာပဲ.. လှပတဲ့ တို့မြန်မာပြည်ကို အကျည်းတန်အောင် ဖျက်ဆီးနေတဲ့သူတွေ အားလုံးကို...


ချစ်နေတာက>>>

သက်မဲ့… ကော်ဖီ ( ပြောင်းလဲသွားတာက ခါးခါးမသောက်နိုင်တော့တာ)
သက်ရှိ…ချစ်ဖွယ်သော စကားကို ဆိုတဲ့ အချိန်ရယ်..အိပ်နေတဲ့ အချိန်မှာ  အချစ်ဆုံးတွေပါပဲ.. (ကိုယ့်ဗိုက်ခွဲပြီး  ထုတ်ခဲ့ရတဲ့ ရတနာ သုံးဖော်)


စိတ်ပျက်နေမိတာက>>>

ကိုယ်ပြောချင်တာတွေသာ ပြောပြီး သူများပြောတာ  နားထောင်ဖို့ စိတ်မကူးတဲ့ သူမျိုး...( ဖတ်မိတဲ့ "သူ" သိစေသောဝ်.. :)


စွဲလန်းနေမိတာက>>>

"  ငါ  "

(အကြီးကြီးပဲနော်...)

 

လိုအပ်နေတာက>>>

မေတ္တာတရားနဲ့ ကိုယ်ချင်းစာနာ နားလည်နိုင်စွမ်း၊ ခွင့်လွှတ်သည်းခံနိုင်မှု။


တောင်းနေမိတဲ့ဆု>>>

ပြုသမျှ ကုသိုလ်ကောင်းမှုအပေါင်းသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ အထောက်အပံ့ကောင်းဖြစ်စေကြောင်း...။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>>

ဟေး.... ငါတစ်ယောက်တည်းလား....။


ဝန်ခံချင်တာက>>>
လတ်တလော ခံစားချက်ဖြင့်  ဒီပို့စ်ကို ရေးပါသည်။


မနော်နှင့်  သူငယ်ချင်း သက်ဝေ တက်ဂ်သောကြောင့်  နောက်ကျစွာ  ရေးရသည့်အတွက် တောင်းပန်ပါကြောင်း၊ တန်ခူးတက်ဂ်ထားတဲ့  အနှစ်နှစ်ဆယ်နဲ့  ကိုအောင်သာငယ့်  ပို့စ်ကို  သွားဖတ်မိလို့ ရေးရမယ့်  ဘ၀ ဆိုတဲ့ အကြွေးတွေ ကျန်သေးပါကြောင်း ၀န်ခံပါသည်။

Comments

ATN said…
ဆန္ဒရှိနေတဲ့ကိစ္စ>>> အစမ်းသေကြည့်ရမယ်....
(အဲဒါကို စိတ်ဝင်စားတယ်ဗျ...း)

တဂ်ကြွေးတွေက မရေးနိုင်သေးလည်း ကိစ္စ မရှိပါဘူးဗျာ...
စူး said…
အပြုံးတုတွေ ဆင်မြန်းပြီး လျှာဖျားကနေ မှန်ကန်တဲ့ စေတနာမပါတဲ့ စကားလုံးတွေ မိုးလုံးပြည့်နေတဲ့ နေရာ၊ အဲဒီလို နေရာရောက်သွားရင် ကိုယ့်ကိုကိုယ် တခြားကမ္ဘာက လူလိုပဲ.. ဒုက္ခ=ဆင်းရဲခြင်းပါလား။

ဟီးးးး
တူတူပဲ..
မီယာ said…
ရွှေတောင်ခေါက်ဆွဲကို တော်ဝင်မှာပဲ စားခဲ့ရတယ်... ကော်ဖီကြိုက်သူပေါ့နော် မသိင်္ဂီ
Sonata Cantata said…
tg ရေ နင်ကလေ ခုတလောထိ
ဟာသတွေ မပြောပဲနဲ့ ရယ်ရတုန်းပဲ သိလား
တချို့ခံစားချက်တွေ တူတယ် မမရေ
တခါတလေ တယောက်တည်း ရှိနေသလိုမျိုး
ကိုယ်ပြောချင်တာတွေတော့ ပြောပြီး သူများကို ပြန်လည်နားလည်ပေးစွမ်းနိုင်တဲ့စိတ် မရှိတဲ့လူတွေ
လူတွေ .. လူတွေ .. စိတ်ကုန်တယ် မမသိဂီ င်္ရေ
Sonata Cantata said…
လှောင်တာ မဟုတ်ဘူးနော်
စိတ်နှလုံး ရွှင်လန်းစေတာကို ပြောတာ
ဟို ၀င်းဦး သီချင်းလိုပေါ့ဟယ်
သိင်္ဂီ သိင်္ဂီ သိင်္ဂီ အဆင်းလို ၀င်းပပကြည် ဆိုတဲ့...
(စကားစပ်သွားလို့ KN အဲ့သီချင်း နင့်စောင်းဆိုသေးလား..
ပါးကလေးနီ တအားမွှေးမည် အို မောင့်သိင်္ဂီ ဆိုတဲ့ အပိုဒ်အထိ)
သက်ဝေ said…
သိင်္ဂီရေ...
သိင်္ဂီ ရေးထားတာ သိပ်ကောင်းတာပဲ...
စာဖတ်ရတာနဲ့ မတူပဲ သိင်္ဂီ စကားပြောတာ ကြားနေရသလို သွက်နေတာပဲ...
ကိုယ်တကယ် သဘောကျတယ်...။
ရေးပေးတာ ကျေးဇူးနော်...

စကားမစပ် သီတာရေးတဲ့ Comment ကိုလဲ သဘောကျလိုက်တာ... သူမေးတဲ့ မေးခွန်းပဲ ကိုယ်လဲ ဆက်မေးသွားပါတယ်နော်...
ဖြေပါလေ... ဟဲဟဲ
MANORHARY said…
မသိဂီ င်္
သိပ်မှန်တာပဲ
ကော်ဖီကိုသိပ်ခါးခါးမသောက်နိုင်တော့တာ
(အရာရာဟာခါးသက်နေခက်လေတော့..သူ့ပဲပေးချိုလိုက်ရတော့တယ် ကိုယ်ပြောင်းပစ်နိုင်တာက သူပဲရှိတယ်လေ)
နောက်..ချစ်ဖွယ်သောစကားကိုဆိုတဲ့အချိန်နဲ့
အိပ်နေတဲ့အချိန်...ဆိုတဲ့ ကိုယ့်ဗိုက်ကိုခွဲထွက်လာသူ ကလေး..း) ကျန်တဲ့အချိန်များဆို အမေနားကို မကပ်
ကောင်းတယ် မသိဂီ င်္ရေးတာ......
kay said…
သက်ရှိ…ချစ်ဖွယ်သော စကားကို ဆိုတဲ့ အချိန်ရယ်..အိပ်နေတဲ့ အချိန်မှာ အချစ်ဆုံးတွေပါပဲ.. (ကိုယ့်ဗိုက်ခွဲပြီး ထုတ်ခဲ့ရတဲ့ ရတနာ သုံးဖော်)

-----
မ-- တခြား အချိန်တွေ..ဂျီကျတဲ့အချိန်တွေ..မပါဘူးပေါ့။း)
မ ရတနာ သုံးဖော်က..သိပ်ချစ်စရာကောင်း..ချောလဲ ချောပါ့။ ဘယ်သူနဲ့တူတာလဲ သိချင်တယ်။း)
အစမ်း သေကြည့်တာတဲ့ တားလဲ စိတ်ဝင်းစားသွားတယ်။
ချစ်နေတာက>>>
ရတနာသုံးဖော် ပဲလားကွယ်???
နားမထောင်ပေးလို့ စိတ်ကောက်ပြီးရေးတာလားနော်!!!! :)
မ ရေ… အခုနေကောင်းသွားတော့လဲ ကျန်းမာရေးက မ နဲ့ တူတူပဲ..ဟိဟိ…အိမ်ပြန်ရောက်တော့ကောင်းလို့ နော်… လွမ်းတဲ့နေရာလေးတွေ တူနေတာတွေ့ တော့ ပြန်လွမ်းမိပြန်တယ်…
မမtgရေ

ကျွန်တော်လည်းပြုပြင်ရန် စာရင်းရှည်နေတယ်
:)

ထပ်ပြန်တလဲလဲအော်နေမိတာတော့ တကယ်မထင်ပါဘူး
မမမှာ ဘ၀ခရီးဖော်ရယ် ရတနာသုံးဖော်ရယ် ကျွန်တော်တို့ မောင်နှမတွေရယ် ရှိပါတယ်ခင်ဗျ

ခင်မင်စွာဖြင့်
သီဟသစ်

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။