Skip to main content

နားမလည္ဘူးအက်ႌ ( သစၥာနီ )

   နားမလည္ဘူးအက်ႌ  

သစၥာနီ

ကျွန်တော်ဝတ်ထားသော အက်ႌကို နားမလည္ဘူး အက်ႌ ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက်အရသာ ဖြစ်ပါသည်။
ဉာဏ်တုံးသော သိုးတွေမှာ အင်္ကျီ  မရှိပါ။
စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီ  မရှိပါ။
ရန်လိုတတ်သော မြေခွေးမှာလည်း အင်္ကျီမရှိပါ။
ထို့နောက်....
ထို့နောက်... .... တို့တွင်လည်း အင်္ကျီ မရှိပါ။
ကျွန်တော်တွင် အင်္ကျီ ရှိပါသည်။ အက်ႌ၀တ္ထားေသာ အက်ႌကို “နားမလည္ဘူးအက်ႌ” ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင့်မှာခါးသက်သက် အရသာ ဖြစ်ပါသည်။

“ရှင့်ကို ကျွန်မ နားမလည်ဘူး”  (ကျွန်တော်ချစ်သူက ပြောခဲ့သည်)
“ မင်းကို တို့နားမလည်ဘူး” (ကျွန်တော့်မိဘများက ပြောခဲ့သည်)
“ ခင်ဗျားကို ကျွန်တော်တို့ နားမလည်ဘူး” (ကျွန်တော့်မိတ်ဆွေများနှင့် ရန်သူများက ပြောခဲ့သည်)
“ကျွန်တော်ဟာ စာအုပ်တစ်အုပ်မဟုတ်ဘူး” (ကျွန်တော်က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်း မသိသော  ကာလများက ဖြစ်သည်) မည်သူကမှ နားမလည်သည်ဖြစ်စေ၊ ထိုအင်္ကျီမှာ ကျွန်တော်နှင့်  တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန်  မဖြစ်နိုင်တော့ပါ။


ဟောဟိုလူကတော့  လမ်းဘေးက ဘေထုပ်ထည်  အ၀တ်ဟောင်းပုံကြီးကို  မွှေနှောက်ရှာဖွေလို့ပေါ့။  စုတ်ဖတ်ဖတ် အောက်သိုးသိုး အနံ့အသက်နှင့် ထိုဈေးပေါပေါ အင်္ကျီဟောင်းများကို ၀ယ်ဝတ်ဆင်သော ထိုလူ၏ ချိုင်းကြားထဲတွင် ခေတ်မရှိတော့သော နိုင်ငံရေးကျမ်းစာအုပ်တစ်အုပ်ကို ညှပ်ထားတာ တွေ့ရ၏။


ဟောဟိုလူကတော့ စပ်ဖြဲဖြဲ အဆင်နှင့် အရောင်မခိုင်သော အထည်စကို ကိုင်ကာ အပ်ချုပ်ဆိုင်တွင် ရပ်ရင်း (ခပ်ပွပွချုပ်ပေးပါ) ဟု အော်နေသည်။  ထိုအပ်ချုပ်ဆိုင်နာမည်က “ခေတ်အကြိုက်” ဆိုလား  ဘာလားမသိ။


***********
 ဟောဟို လူကတော့ မီနီမတ်ကတ်တစ်ခုတွင်  ရယ်ဒီမိတ်အင်္ကျီ  တစ်ထည်အား  တံဆိပ်ကြည့်၍ ၀ယ်ယူနေလေသည်။  ခုလို အသင့်ချုပ်ပြီးသားတွေ ၀ယ်ဝတ်ရတော့ မပင်ပန်းဘူးပေါ့ဟု  ပြောလိုက်သေးသည် ထင်ပါသည်။


လူတို့သည်  အင်္ကျီအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးဖြင့်  ၀တ်လျက်ရှိပါသည်။  ပလေတိုး၏ မျက်စိနှင့်တူသော ကြယ်သီးပေါက်ကျဉ်းကျဉ်းများ  မတော်လောဘနှင့် တူသော အိပ်ပွပွကြီးများ  (တစ်ချို့ အင်္ကျီများတွင် လူမမြင်အောင် တပ်ဆင်ထားသော  အိတ်ခိုးများလည်း ပါသေးသည်။) ဂျုးလီယက်ဆီးဇာ၏ ဓားနှင့်တူသော ကော်လာချွန်ချွန်များ။


သို့သော်  ထိုအင်္ကျီများအားလုံးမှာ  ဆင်ခြင်ခြင်နှင့်  ကိုက်ညီအောင် ချုပ်လုပ်ထားရာ၌မူ အားလုံးတူကြပါသည်။ (ဥပမာ- ညီညာသေသပ်သော ချုပ်ရိုးချုပ်သားများ)  ထိုအင်္ကျီများတွင်လည်း  ကျွန်တော်၏ အင်္ကျီ  အမည် (နားမလည်ဘူး) ကဲ့သို့ပင် အနည်းဆုံး အမည်နာမတစ်ခုစီတော့ ရှိကြပါသည်။ ဥပမာ- အမြင်မကျယ်ခြင်း၊။ လှေနံဓားထစ်၊ မစ္ဆရိယစိတ်၊ ငါ အမှန်  စသဖြင့်  ဖြစ်ကြပါသည်။ ကျွန်တော့် အင်္ကျီအမည်ကတော့  နားမလည်ဘူး ဖြစ်ပါသည်။


ကျွန်တော်သည် အဖြေတစ်ခု  ထွက်ရမည့် သချာင်္တစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည်  ပြဌာန်းခံ  အရာဝတ္ထု မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည်  မိုးကျလျှင်  ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အိုင်းစတိုင်း၏  ရီလေတစ်ဗီတီ သီအိုရီ မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။  ကျွန်တော်သည် ယုတ္တိဗေဒ အနည်ထိုင်နေသည့်  ဦးနှောက်များ  စားသုံးရမည့် မနက်စာ အာဟာရ တစ်ပွဲ  မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ငွေတစ်ရာပေးသူုတိုင်းကို အဖုံးဖွင့်ခွင့် ပေးသည့် ရေခဲစိမ်ဘီယာ  တစ်ပုလင်း မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။  လောကတွင် ကျွန်တော်  အမျှော်လင့်ဆုံးအရာမှာ  လူများ၏ နားလည်မှုပင် ဖြစ်ပါသည်။

ကျွန်တော်  ၀တ်သော အက်ႌကို “ နားမလည္ဘူး အက်ႌ ”  ဟု ခေါ်ပါသည်။ ထိုအင်္ကျီမှာ လူတို့ နားမလည်နိုင်သော  ကောင်းကင်တစ်ခု၊ လူတို့ နားမလည်နိုင်သော အတောင်ပံတစ်စုံ၊  လူတို့ နားမလည်နိုင်သော အလင်းဓာတ်တစ်စုံတစ်ရာ၊ လူတို့  နားမလည်နိုင်သော  .... နားလည်မှုများနှင့် ချုပ်ထားသော  အင်္ကျီ ဖြစ်ပါသည်။


ထိုအင်္ကျီကို ၀တ်ဖို့အတွက် ကျွန်တော်  အဖိုးအခ အနည်းငယ်သာ ပေးခဲ့သည်။ ထိုအဖိုးအခမှာ  လူများ၏ မုန်းတီးခြင်းပင် ဖြစ်ပါသည်။ (  လူများ၏  မုန်းတီးခြင်းမှာ  ကျွန်တော့်အတွက် ပဲဝက်မျှလောက်ပင်  မတန်သော အရာ ဖြစ်ပါသည်။) ထိုအင်္ကျီကို ၀တ်ဆင်ရမည် ဆိုလျှင်  သင်သည်  အရည်အချင်းသုံးရပ်နှင့်  ပြည့်စုံရန် လိုပါသည်။  ထိုအရည်အချင်းများမှာ...
(၁) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊
(၂) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း  နှင့်

(၃) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း  တို့ ဖြစ်ပါသည်။


အထက်ပါ အရည်အချင်းများနှင့်  ပြည့်စုံပြီဆိုလျှင် သင်လည်း ကျွန်တော့်လို အင်္ကျီ တစ်ထည် ရနိုင်ပါပြီ။ လိုချင်လျှင် အောက်ပါလိပ်စာအတိုင်း တောင်းယူနိုင်ပါသည်။ လိပ်စာမှာ သင်နှင့် အဝေးဆုံးဟု ဆိုရမည့်  သင်ကိုယ်တိုင်၏  အသည်းနှလုံးထဲမှာသာ  ဖြစ်ပါသည်။


သစ္စာနီ


(၂၀၀၈  ခုနှစ် ဂျာမန်ဘာသာပြန် မြန်မာဝတ္ထုတို ၂၅  ပုဒ် စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Comments

MANORHARY said…
ကိုရဲရဲ့ နားမလည်ဘူးအကျီ င်္ကို ပြန်ဖတ်ရလို့
ကျေးဇူးပါ မသိဂီ င်္ ...
နှစ်ခေါက်လောက်ဖတ်ပြီးမှနည်းနည်းရိပ်မိသလောက်ပဲရှိတယ်။ ဟဲဟဲ..
PhotoVigor said…
Different ideas..
Love it.
မမtg

နားမလည်ဘူးအင်္ကျီ ဝတ်ချင်တယ်
:)
ဟုတ်တယ် အမ.. အတော်နဲ့ နားမလည်ဘူးး
တုံးချက်..။

လွပ်လပ်စွာ တွေးခေါ်တတ်ခြင်းးတဲ့..။
အင်းးးး

ခေါင်းကုတ်နေဆဲ
komin said…
အမမှာ ကိုရဲ စာတွေရှိရင် ထပ်တင်ပေးပါဦး။
Anonymous said…
ဝတ္ထုလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ် အမ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...