Skip to main content

ကိုကြီးကျောက်သို့ နောက်ဆုံး နှုတ်ဆက်ခြင်း။


ကိုကြီးကျောက်ကို စတင် သိကျွမ်းခဲ့တာ ကိုအောင်သာငယ် ရဲ့ ဘလော့ဂ်မိတ်ဆက်ကြောင့်ပါ... ဘလော့ဂ်တွေလိုက်ဖတ်နေရင်း ဘလော့ဂ်ရေးဖြစ်သွားတဲ့ အစ်ကိုကြီးတယောက်။ ရွှေရတုမှတ်တမ်းမှာ စာတွေ သွားသွားဖတ်ရင်း ရယ်လိုက် နောက်လိုက် ကွန်မန့်တွေ ပေးခဲ့ရင်းနဲ့ ကေ တို့ ခေါ်သလို ကိုကြီးကျောက်လို့ လိုက်ခေါ်ရင်း ရင်းနှီးလာခဲ့ကြတာလေ။ ကိုကြီးကျောက်ရဲ့ အတွေ့အကြုံအစုံအလင်တွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ရေးထားတာတွေ ဖတ်ရတာကလည်း ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ ငေးမောနားထောင်နေရသလိုလို ... 
သရဲအကြောင်းတွေလည်း မျိုးစုံလို့ပေါ့။
နောက်ပိုင်း ကျမလည်း ဘလော့ဂ်တွေ အရေးကျဲ....စာတွေ သွားဖတ်ပေမယ့် ကွန်မန့်က ရေးလို့ မရတာ ခပ်များများ... ဒါပေမယ့် ဖေ့စ်ဘွတ်ခ်မှာ ဘလော့ဂ်က မိတ်ဆွေတွေနဲ့ ဆက်တွေ့နေသေးတော့ သတင်းတွေက မပြတ်။ ကိုကြီးကျောက် နေမကောင်းဘူးဆိုတာ ကြားလိုက်ရတော့ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်မိခဲ့တယ်... အကုန်လုံးသွားရမယ့် လမ်း...ကိုယ်တိုင်လည်း သွားရမယ့် လမ်းပေမယ့်....။ 
ဂျီတော့ခ်မှာ တခါ တခါ မက်ဆေ့ချ်နဲ့ သတင်းလေး မေးရင်း နှုတ်ဆက်ရင်း သက်သာစေကြောင်း ဆုတောင်းပေးရုံ... အတူတူရှိနေကြကြောင်း အသိပေးရုံကလွဲလို့.....။ ကိုကြီးကျောက်ကလည်း နေမကောင်းဖြစ်နေတဲ့ကြားက သက်သာတာနဲ့ ပို့စ်အသစ်တွေတင်ရင်း သူ့ကို စိတ်ပူတဲ့ ညီ ညီမ မိတ်ဆွေတွေကို သက်သာတဲ့အကြောင်း ပြောရှာတယ်။  တခါတခါ ညဉ့်နက်သန်းခေါင် ကျမ ဂျီတော့ခ်မှာ ရှိနေရင် လှမ်းနှုတ်ဆက်ရင်း စကားလေး ဘာလေး ပြောဖြစ်ကြတယ်...
ကိုကြီးကျောက်က ဘလော့ဂ်မှာ စာအရေးကျဲလို့ ကျမကို ခဏခဏ ပြောခဲ့တယ် .... ကိုကြီးကျောက်လို ရေးလောက်စရာ အတွေ့အကြုံတွေလည်း များများစားစားရှိတာမဟုတ်ပဲ ရေးချင်တာ ရေးနေတဲ့ ကျမကို စာရေးဖို့ တိုက်တွန်းလို့....။ 
နောက် ကိုကြီးကျောက်ရောဂါက ကင်ဆာမဟုတ်ဘူးဆိုလို့ သူ့ကို ချစ်တဲ့ မောင်နှမ မိတ်ဆွေတွေက ဝမ်းတွေ သာလို့လေ... ဘာပဲဖြစ်ဖြစ် ရက်ပေါင်း တစ်ရာ့ရှစ်ဆယ်ဆိုတဲ့ ကန့်သတ်ချက်ကြီး ပျက်သွားတာကို ဝမ်းသာတယ်.... ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းမှာ ရေးစရာတွေ အများကြီးကို အားရပါးရ ဆက်ဖတ်ရတော့မယ် ဆိုပြီး .....။
မတ်လ ၂၆ ရက်နေ့က ကိုကြီးကျောက်နဲ့ နောက်ဆုံး ဂျီတော့ခ်မှာတွေ့ခဲ့တာပဲ...
maungnaipe@gmail.com to me 
show details Mar 26 
5:50 PM 
maungnaipe: မယ်သိင်္ဂ ီ..နေကောင်းလား
5:51 PM 
me: ဟုတ်ကဲ့...း)
  
ကိုကြီးကျောက် နေကောင်းနေတယ်ကြားလို့ ဝမ်းတွေ သာနေတာ...
 
maungnaipe: မတွေ့တာကြာပြီ..ငါ့နှမကို
 
me: ဟုတ်
 
maungnaipe: ကိုကြီးကျောက်က evergreen ကျောက်လေ
5:52 PM 
me: ဟုတ်တယ်နော်..ကိုကြီးကျောက်ကို အားကျတယ်...ဟဲဟဲ
 
maungnaipe: ကိုးနတ်ရှင်မကောင်းလို့ စာမရေးတာလား
 
me: ဟုတ်... google search တောင် proxy နဲ့ ကျော်လွှားပြီး ကြည့်နေရတာ....
5:53 PM 
maungnaipe: ဟယ်..မိုက်ရိုင်းလှချည့်လား
5:54 PM 
ဘယ်လို ဦးနှောက်ပိုင်ရှင်တွေရယ်မသိပါဘူး
 
me: ဟုတ်...သူများတွေ အလကားပေးတာတောင် သူတို့က...း(
5:55 PM 
maungnaipe: နောက်ဘဝ ပြိတ္တ`ာ ဖြစ်မဲ့ကောင်တွေ..အို ဘဝ ကိုမကူးလောက်ဘူး..ဒီဘဝကို ဖြစ်မှာ
5:56 PM 
me: ဟားဟား... စာမရေးဖြစ်တာ အဲဒါတွေလည်း ပါတယ် အစ်ကိုကြီးရေ... အဆင်မပြေတာတွေ ဒေါသထွက်ပြီး ရေးတင်မိရင် သူများတွေပါ အလကား စိတ်တိုနေရမှာစိုးလို့...း)
 
maungnaipe: ကလေးတွေရော ကျောင်းပိတ်လို့ ဘယ်တွေသွားနေကြသလဲ
5:57 PM 
me: ဘယ်မှ မသွားဖြစ်ပါဘူး... လောလောဆယ်တော့...
  
အစ်ကိုကြီး ပို့စ်တွေ ဆက်တိုက်တက်လာတာတွေ့တော့ ဝမ်းသာတယ်....ဖတ်ရလို့...း)
 
maungnaipe: ကလေးတွေက တဟဲ့ဟဲ့ နဲ့ အော်ရမဲ့ အရွယ်ရှိသေးလား
5:58 PM 
စာကိုတော့ ရေးချင်နေတာပဲ ..စာရိုက်ရတာပျင်းလို့ အများကြီးမတင်ဖြစ်တာ
 
me: ဟုတ်... အော်နေရတာပါပဲ...
5:59 PM 
maungnaipe: ဟား..ဟား..ငါ့နှမတော့ အလုပ်ဖြစ်နေပြီ
 
me: း)
6:00 PM 
maungnaipe: သိင်္ဂ ီရေ..ညည်းမြင်လို့ စကားလာပြောတာ အကိုကြီး အပြင်သွားစရာရှိလို့ လိမ့်တော့မယ်
6:01 PM 
me: ဟုတ်ကဲ့..အကိုကြီး ကျန်းမာပါစေ...း)
6:02 PM 
maungnaipe: ကျန်းမာပြီး..မော်ဒယ်လေးတွေနဲ့ ကဲနိုင်သေးကြောင်းပါ
နောက်ပိုင်းတော့ ဖေ့စ်ဘွတ်ခ်မှာ လှမ်းလှမ်း တွေ့တယ်.. ခရီးထွက်မယ်ဆိုတာလည်း သိခဲ့တော့ အော်..တော်တော် နေလို့ ကောင်းနေပြီပဲလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရတာပေါ့.... 
နှစ်ဆန်းတရက်နေ့မှာ ကိုကြီးကျောက်ကို သတိရတာနဲ့  ဂျီတော့ခ်မှာ နှစ်သစ်ဆုတောင်းချန်ထားခဲ့တာကို သူ reply လုပ်ခဲ့တာ..... ဒါ ... နောက်ဆုံးပါပဲ...။
Nai Pe to me 
show details Apr 19 
မယ်သိင်္ဂ ီရေ.. အကိုကြီး ခရီးပန်းပြီးနေမကောင်းလို့ အနားယူနေတယ် 
2011/4/19 Tg.Nwai@gmail.com <Tg.Nwai@gmail.com>
These messages were sent while you were offline.
4:30 AM 
Tg.Nwai@gmail.com: နှစ်သစ်မှာ ကိုကြီးကျောက်တယောက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကျန်းမာလန်းဖြာပါစေရှင်.....း)
ဒီကြားထဲမှာ ပို့စ်တွေ တက်နေတော့ နေပြန်ကောင်းလာပြီပဲ အောက်မေ့ရင်း ကျမလည်း အလုပ်တွေရှုပ်... အွန်လိုင်းပေါ် မတက်နိုင်....။
အဲဒီနေ့ည မေဒေး တနေကုန် အလုပ်တွေရှုပ်ရင်း ညဘက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတွေရဲ့ သတင်းတွေ လိုက်ကြည့်ဖြစ်တယ်.... သက်ေ၀ ရေးထားတဲ့ ကိုကြီးကျောက် ...R.I.P ဆိုတာ ကြည့်ပြီးတော့ နားလည်လိုက်တာက ကိုကြီးကျောက်ရဲ့ ပို့စ်အသစ်မှာ သက်ဝေက ကွန်မန့်ရေးထားတာပဲဆိုပြီး.. ကိုကြီးကျောက် ဘာတွေ ရေးထားပြန်ပြီလဲ မသိဘူးလို့ တွေးရင်း ရှေ့ဆက်ကြည့်တော့ ကိုအောင်သာငယ်ရဲ့ ပို့စ်တွေ့မှ ... အံ့အားသင့်ရင်း... ဘာတွေ ဖြစ်ကုန်ပြီလဲလို့ ကိုယ့်ဘာသာ မယုံရဲရဲ.....
သူများတွေတင်ထားတဲ့ သတင်းတွေ ဝမ်းနည်းကြောင်းတွေ ဖတ်ပြီး ကျမမှာ ပြောစရာ စကားမရှိ.... ကိုကြီးကျောက်ကို သတိရကြောင်း နှုတ်ဆက်ကြောင်း စာလေးရေးဖို့တောင် ကျမမှာ အားမရှိတော့....။ 
သတိရနေပါတယ် ကိုကြီးကျောက်ရေ.....
သတိရတိုင်းလည်း ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းလေးကို သွားဖတ်ဖြစ်နေမှာပါ....
အချိန်တွေကြာသွားရင်တော့ တဖြေးဖြေး မေ့သွားကြတယ်ဆိုရင်တောင် ကိုကြီးကျောက် ရင်ဆိုင်သွားခဲ့တဲ့ နောက်ဆုံးအချိန်အထိ အကောင်းဆုံးနေထိုင်ခဲ့ခြင်းကိုတော့ အားကျရင်း အတုယူရင်း ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူးလေ....
အမြဲတမ်း နောက်ကျနေခဲ့တဲ့အတွက် ညီမ မယ်သိင်္ဂီ တောင်းပန်ပါတယ်...
ကိုကြီးကျောက်ရဲ့ နောက်ဆုံးအချိန်ကိုမသိလိုက်ရလို့ မေတ္တာပို့ဆုမတောင်းနိုင်ခဲ့တာကိုလည်း တောင်းပန်ပါတယ်...
ကိုကြီးကျောက် မေးခိုင်းထားတာတခုကိုအခုထိမလုပ်ပေးနိုင်ခဲ့အောင် နောက်ကျခဲ့တာကိုလည်း တောင်းပန်ပါတယ်လေ....။
ငြိမ်းချမ်းသော ဘုံဘဝမှာ ကိုကြီးကျောက် အေးချမ်းပျော်ရွှင်ပါစေ......။
( ဘလော့ဂ်မှာ ခင်ခဲ့ရတဲ့ အစ်ကိုကြီးမို့  နောက်ဆုံး ပို့စ်လေးတခုနဲ့မှ နှုတ်မဆက်လိုက်ရရင် နေလို့ မကောင်းလွန်းလို့ပါ...)


Comments

သက်ဝေ said…
ကိုကြီးကျောက်အတွက် ဆုတောင်းနှုတ်ဆက်တဲ့ ပိုစ့်တခု ဖတ်မိတိုင်း တခါ စိတ်ထိခိုက်ရတယ်… သူ့ဘလော့ဂ်မှာ ရေးထားကြတဲ့ သတိရကြောင်းတွေ ဆုတောင်းတွေ ဝမ်းနည်းကြောင်းတွေ ဖတ်မိရင်လည်း စိတ်ထိခိုက်ရတယ်…။ ကြာလာရင် မေ့သွားတတ်တယ်ဆိုပေမယ့် ဒီညီအကို မောင်နှမတွေကြားမှာတော့ ကိုကြီးကျောက်က ဘယ်တော့မှ မေ့ပျောက်စရာ ဖြစ်သွားမှာ မဟုတ်ပါဘူး…။
ATN said…
ကျနော်က စိတ် အထိခိုက်ရဆုံး ဖြစ်ပါလိမ့်မယ်ဗျာ..
ဘာကြောင့် ဆိုတာတော့ မပြောချင်တော့ဘူး မသိင်္ဂီ...း((((
kay said…
မဂီ.. ကျမ ဒီပို့စ် ကို မတွေ့ မိလိုက်ဘူး..
ကျမ စိတ်ထဲ..မ..စာမရေးတာ ကြာပီလို့ ပဲ ထင်နေတာ..


တလောက.. ဘလော့တွေ ၀ဲစွဲ ..လင့်တွေ ဖြုတ်ပြီး.. ပြန်တပ်တော့..တခုခြင်းတပ်ရင်..မ ရဲ့ ဘလော့ ပြန်ပါမလာ တာ ဖြစ်နေတယ်..
( ကတောက်)

ကိုကြီးကျောက် အကြောင်းကတော့..တွေးတိုင်း စိတ်ထဲ တမျိုးပဲ..။ ကျမဖြင့်..သူ့စာလေး တွေ..စာအုပ်တောင် ထုပ်ပေးချင်တယ်..။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...