Skip to main content

စာမေးပွဲ....တဲ့

အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား.... 

ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး 

"ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။ 

အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ...

" ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ" 
" ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။ 

ဒါနဲ့ မျက်နှာငယ်လေးနဲ့ 

"ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.." 

လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Roll No. တောင် မေ့နေပြီး ဘာမှ မသိပဲနဲ့ စာမေးပွဲလာဖြေတာကို အေးဆေးပဲ။ ကိုယ့် ခုံနံပါတ်မသိပေမယ့် သူငယ်ချင်း အောင်လွင်နဲ့တော့ နီးတာကိုတော့ မှတ်မိနေသလိုပဲ... ဆက်တိုက်လားတောင် မသိဘူး...သူ့ကို လှမ်းမေးလိုက်တော့ ငါလည်း မသိတော့ဘူးတဲ့.... တိုးတိုးတိတ်တိတ် ကြိတ်ဖြေတယ်.... သိတဲ့ မိန်းကလေး သူငယ်ချင်းတွေများ ဘယ်သူတွေများ ပါဦးမလဲလို့ မျက်စေ့ဝေ့၀ဲ ရှာကြည့်ပြန်တော့ ဘာဖြစ်လို့များ မိန်းကလေးတွေ တယောက်မှ မတွေ့ရတာပါလိမ့်.... 

စိတ်အိုက်အိုက်နဲ့ စာမေးပွဲဖြေဆိုတော့လည်း ဖြေလိုက်ရုံပေါ့....ဖြေစရာဘာပါပါလိမ့်လို့ ကြည့်လိုက်တော့ သားငယ်ရဲ့ ခဲဘောပင်တချောင်းပဲ ပါလာတာပဲတွေ့တယ်....စိတ်ထဲမှာတော့ စာမေးပွဲမီတာ ကံကောင်းတာပဲလို့ တွေးရင်း တခြားသူငယ်ချင်းတွေဆီကို ဖုန်းဆက်ဖို့ သတိရသွားပြန်တယ်။ ဒီကောင်တွေ မသိတာထက် စာရင် နောက်ကျရောက်လာတာက တော်သေးရဲ့ ဆိုပြီး ဖုန်းခေါ်တော့ တချိန်လုံး call failed ဖြစ်နေပါရော .... message ပို့ဖို့တော့ မစဉ်းစားတော့ဘူး....အချိန်မီမရောက်တတ်တဲ့ မက်ဆေ့ချ် ကို သိပ်ယုံလို့ မဖြစ်ဘူး။ 

အဲဒါနဲ့ ဇွဲကောင်းကောင်းနဲ့ ခေါ်လိုက်တာ  နောက်ဆုံးတော့ ဘိတ်သူ သူငယ်ချင်းဆီ calling ဆိုပြီး ဝင်သွားပါလေရော.... ထုံးစံအတိုင်း သူ့သူငယ်ချင်း ပီသတဲ့ သူကလဲ သူ့လိုပဲ ဖုန်းတခြား လူတခြား ဖြစ်နေပုံပါပဲ...မကိုင်ပြန်ဘူး...သူလည်း စိတ်ရှည်ရှည်နဲ့ပဲ ဆက်တိုက် ခေါ်လိုက်တာ... သုံးကြိမ်မြောက်မှာ ဖုန်းလာကိုင်ပါတယ်။ " ဟဲလို " ဆိုတဲ့ ဘိတ်သံဝဲ၀ဲအကြားမှာ သူလည်း အားရဝမ်းသာနဲ့ စကားပြောဖို့ ပါးစပ်အပြင်.....

ဒေါင် ဒေါင် ဒေါင် ဒေါင်......

ဟာ.... ခေါင်းလောင်းထိုးသံကြားပြီ...စာမေးပွဲခန်းထဲ ဝင်ရတော့မှာပဲ... အမ်...မဟုတ်သေးပါဘူး။ ဒါ တုံးခေါက်သံ.... သူ့စိတ်က ဝေေ၀ဝါးဝါး ဖြစ်နေတုန်း ဖုန်းနဲ့ ပေးထားတဲ့ alarm မြည်သံ         ထပ်ကြား ရပြန်ပါတယ်။ ခေါင်းအုံးနားက ဖုန်းကို အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်ကြည့်လိုက်တော့ သုံးနာရီခွဲ.....။ ရိပ်သာမှာ နံနက် ထဖို့ တုံးခေါက်တာကို ပြန်အသိဝင်လာတော့.... သူ သက်ပြင်းချ မိလိုက် ပါတော့တယ် ။ တော်ပါသေးရဲ့... အိပ်မက်ကိုး.....သုံးနာရီခွဲသွားပေလို့ပေါ့.. မဟုတ်ရင် မသိတဲ့ စာတွေကို မဖတ်ပဲနဲ့ ဘယ်လို ဖြေရမလဲ ခေါင်းစားရင်း ချွေးပြန်ရမယ့် အချိန်တွေကို မရောက်လိုက်ဘူး။ ဟူးးးးး ... မောလိုက်တာ ... ကျောင်းကထွက်လာတာ အနှစ် နှစ်ဆယ် နီးပါး... စာမေးပွဲတွေ မဖြေဖြစ်တော့တာက ဆယ်နှစ်ကျော် ..... ဒါတောင် စာမေးပွဲ ထမင်းလုံးအိပ်မက်က ခြောက်လှန့်နေဆဲ....။ 

( ပြန်လည်ဆုံဆည်းရမယ့် ချစ်တဲ့ ကျောင်းတော်ကြီးရယ်...ဆရာ ဆရာမများရယ် ... သူငယ်ချင်း များရယ် ...၃၀.၁၂.၂၀၁၂ မှာ ကျင်းပမယ့် ဆရာပူဇော်ပွဲအတွက် စိတ်ထဲ စွဲရင်း မက်တဲ့ ရိပ်သာဝင်နေရင်းနဲ့ မက်တဲ့ အိပ်မက် :))

Comments

ဟီး... မမ... စုချစ်လည်း အဲသလိုပဲ ကျောင်းကို ရောက်ပြီး စာမေးပွဲ ဖြေရမယ် ဆိုတဲ့ အိပ်မက်မျိုး ခဏ ခဏ မက်တတ်တယ်...

း)
Aunty Tint said…
စိတ်စေတသိက်ဟာ ဆန်းကျယ်တယ် သိင်္ဂီရေ။ အစွဲအလန်းကြောင့် တစ်ခါတစ်လေ မသိစိတ်ရဲ့ ဦးဆောင်မှုနောက်ကို အိပ်မက်အဖြစ်ထပ်ချပ်မကွာ လိုက်ပါသွားမိတာမျိုးပေါ့နော်။
တီတင့်ရိပ်သာဝင်တုန်းက ဆရာတော်ရဲ့ တရားစစ်မှာကို စွဲပြီး အိပ်မက်ထဲမှာစာတွေဖြေဘူးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
ညီမလေးဆို ခုထိ အိပ်မက်ထဲမှာ ခဏခဏဆယ်တန်းစာမေးပွဲပြန်ဖြေနေရတုန်း... စာတွေတလုံးမှ မရတော့ဘဲ ဖြေရမယ့် စာမေးပွဲမှာ စာမေးပွဲအခန်းထဲအရောက် လန့်ဖြန့်နိုးသွားတတ်လို့ တော်သေးတယ်...
မ... ကျောင်းချစ်တဲ့စိတ်အခံကြောင့်ထင်ပါရဲ့နော်.. အဲဒီအိပ်မက်လေးတွေက မက်နေတုန်း စိတ်တွေ အသဲအသန်ကျပ်တည်းရပေမယ့် မက်ပြီးတော့ပြုံးမိပြန်ရော...

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...