Skip to main content

သူ့အတွက် နောက်ဆုံးရေးတဲ့စာ

သူ့ကို မကြာ မကြာ သတိရမိတယ်။ 
အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ တခါတလေ ပြန်ဆုံကြတိုင်း သူ ဘယ်တော့မှ မပါခဲ့။
သတင်းလည်း မကြားသလို အရိပ်အယောင်လည်း မမြင်ရတာ ကြာပြီ။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ သူများ ရှိနေမလား ရှာကြည့်မိတယ်။ 
ပျောက်ချက်သား ကောင်းပုံများ .....။
မထီတရီ၊ ဂျစ်ကန်ကန် ခပ်မိုက်မိုက် မထင်ရင် မထင်သလို လုပ်ကိုင်ပြုမူတတ်တဲ့ သူ့ကို ပုံမှန်လောက်ပဲ ဆက်ဆံရင်းနှီးခဲ့ကြတယ်။ ညိုချောလေး သူဟာ အရိုင်းဆန်ဆန်....။

ကိုယ်တို့တွေ အုပ်စု ကျောင်းက Field Trip ထွက်ရတော့ မူဆယ်ဘက် သွားဖြစ်ကြတယ်။ ရထားနဲ့ မန္တလေး၊ မန္တလေးကနေမှ ကားနဲ့ လားရှိုး၊ မူဆယ်.. နောက် တရုပ်ပြည် ကြယ်ဂေါင် ရွှေလီဘက် သွားကြတယ်။ ပြင်ဦးလွင်မှာ ကိုယ်နဲ့ သူ တခန်းထဲ အတူကျတယ်။ သူ အခန်းထဲကနေ ဖုန်းနဲ့ စကားတွေ ပြောတယ်။ စီးကရက်တွေ သောက်တယ်။ ဒဏ်ရာရထားဖူးတဲ့ ကျားသစ်မလေးလိုပဲ .... နောက် လားရှိုးဟိုတယ်ကျတော့ သူရယ် ကိုယ်ရယ် နောက်တယောက်ရယ် သုံးယောက်တည်းရတယ်။ ညဖက် သူ စီးကရက်သောက်တယ်။ မသောက်ခင် သောက်လို့ ရမလားလို့ သူမေးပါတယ်။ ကိုယ်ရော နောက်တယောက်ကပါ ရပါတယ် လို့ ပြောတော့ သူက အဖော်စပ်မရတော့ တယောက်ထဲ စီးကရက်တွေ သောက်တယ်။ စီးကရက်ငွေ့တွေ တခန်းလုံးမွှန်လို့ ထင်ရဲ့ ။ ကားပေါ်ရောက်တော့လည်း သူနဲ့ ကိုယ်နဲ့ နှစ်ယောက်အတူထိုင်တယ်။ နေပူတဲ့ဘက်ဆိုတော့ အကုန် ခန်းဆီးတွေ ချကြပေမယ့် သူက အရိပ်ထဲ နေဖို့ စိတ်ကူးပုံ မရဘူး။ နေပူနေတဲ့ကိုယ်က သူ့ လှမ်းကြည့်တော့ ရှူခင်းတွေကို ငေးရင်း သူ့စိတ်တွေ လွင့်ပျံ့နေပုံပဲမို့ ကိုယ်ပဲ စိတ်လျှော့လိုက်တယ်။ 

သူဟာ သူထင်ရာ လုပ်တတ်တဲ့ မိန်းကလေးတယောက်ပဲ ထင်ရဲ့။  တခါတခါ ကိုယ့်ရဲ့ လေးနှစ်အရွယ် သားလေးအကြောင်းမေးရင်း သူ့သားလေးအကြောင်းပါ ပြောတတ်တယ်။ သူများအကြောင်းကို ပြောသလောက်ပဲ နားထောင်တတ်တဲ့ အကျင့်ရှိခဲ့လို့ သူပြောတာထက် ဘာမှ ပိုမမေးခဲ့ဘူး။ မစပ်စုခဲ့ဖူးဘူး။ အဲဒီတော့ သူ့ဘဝအကြောင်းလည်း သေချာ မသိခဲ့ဖူးဘူး။

 မေမြို့က အဆင်း နေ့လည်စားထမင်းစားတော့ အုပ်စုလိုက်ကြီး ဝင်လာတဲ့ ဆာလောင်နေတဲ့ ကိုယ်တို့အတွက် ဟင်းပွဲတွေက အဆင်သင့်ဖြစ်မနေခဲ့ဘူး။ ဟင်းပွဲတွေ လုစားကြရင်း နီးစပ်ရာ လက်သင့်ကြရင်း၊ စည်းတွေ ဘောင်တွေ ကျော်ကြရင်း..... ကိုယ် လူတွေကို ကျောခိုင်းခဲ့လိုက်တယ်။  စိတ်ပျက်သွားခဲ့တယ် ထင်ရဲ့။ အဲဒီအချိန်မှာ သူကတော့ သူလုပ်စရာတွေ ရှိတာ လုပ်ခဲ့ပြီးပြီမို့ တယောက်ထဲ ထိုင်နေတဲ့ ကိုယ့်အနား အတူတူ လာထိုင်တယ်။ သူက ကိုယ့် ရဲ့ ချဉ်တူးတူး ခံစားချက်ကို နားလည်သလို ပြုံးကြည့်ရင်း မုန့်လာကျွေးတာ။ သူနဲ့ ကိုယ် ရင်ဘတ်ချင်း နီးစပ်သွားခဲ့ကြတယ်။ စကားတွေ ပြောဖြစ်ကြတယ်။ ရှေ့တမျိုး နောက်တမျိူးး ပါးစပ်လေးတွေ ချိုတဲ့ လောကကြီးအကြောင်းပြောပြီး ရယ်သွမ်းသွေးတာက စရင်း နှစ်ယောက်သား ဟားတိုက်ရယ်မောလိုက်ကြတဲ့ အချိန်မှာ လောကကြီးက သာယာသွားခဲ့တယ်။ လူတချို့က နားမလည်သလို ကြည့်ခဲ့ကြတယ်။ 

အပြန်လမ်းမှာ ရထားပေါ်က ထမင်းစားခန်းတွဲမှာ ကိုယ်တို့ နှစ်ယောက် သွားထိုင်ရင်း အဲဒီခရီးစဉ်ဟာ အဆုံးသတ်မှာ ပိုအသက်ဝင်လာခဲ့သလိုလို ။ သာစည်က နွားနို့အစစ်နဲ့ ကော်ဖီခါးခါး ကောင်းလွန်းလို့ အမသောက်စေချင်လို့ ဆိုပြီး သူ ကျမအတွက် ပါဆယ်တခွက် ပိုဝယ်လာခဲ့တယ်။ တန်ဖိုးကြီးတာတွေ လိုသလား။ တန်ဖိုးထားတာပဲ လိုသလား။ 

ဒီလောက်ပါပဲ.... နောက် သူတို့ ကျောင်းပြီး ဘွဲ့ယူတဲ့ အချိန်မှာ ကိုယ်က နှစ်ဘာသာ မဖြေပဲ ကျန်ခဲ့တာကို ဆက်ဖြေနေရတာရယ် သားငယ်လေး မွေးဖွားတာနဲ့ အလုပ်တွေ ရှုပ်ရင်း အဆက်အသွယ်တွေ ပြတ်နေခဲ့တယ်။ နောက် သားငယ်လေး မွေးတဲ့ အချိန်မှာ သူ အိမ်လာလည်တယ်။ သားလေးတွက် လက်ဆောင်လေး ပါလာခဲ့တယ်။ နောက်ဆုံးတခါက သူနဲ့ အိမ်က အမျိူးသားနဲ့ တင်ဒါတခုမှာ အတူတူတွေ့လို့ ဖုန်းနံပါတ်ရပြီး ဖုန်းတခါဆက်တယ်။ သူ အမေရိကားသွားဖို့ ကြိုးစားနေတယ်တဲ့။ သူ့သားလေးတွက် သူလုပ်ချင်တာတွေ ပြောတယ်။ နောက်ပိုင်း သူလည်း သူ့အလုပ်မှာ မရှိတော့သလို ဘယ်ကို ရောက်သွားလဲ မသိတော့ဘူး။ သူငယ်ချင်းတွေဆီကနေလည်း သူ့အကြောင်း မကြားမိသလို အရိပ်အယောင်လေးတောင် မမြင်မိတော့ဘူး။

စိတ်မကောင်းဘူး ကွေး.... သူ့ ဘဝ ခရီးအစကိုလည်း ကိုယ်မသိခဲ့သလို သူဖြတ်သန်းလာခဲ့တဲ့ ခရီးတွေ ကြမ်းတမ်းသလား ချောမွေ့ခဲ့သလား ကိုယ်မသိခဲ့ဘူး။ သူ ဘာတွေ လုပ်နေသလဲ ကိုယ်မသိသလို သူ ဘယ်လိုလူစားလဲ ဆိုတာလည်း ကိုယ် သေချာ မသိခဲ့ပါဘူးလေ။ 

သေချာတာ တခုကတော့ အချိန်ပိုင်းလေး တခုမှာ သူ့ရဲ့ ပကတိစိတ်နှလုံးသားလေးနဲ့ ကိုယ့် နှလုံးသားတစုံ ထပ်တူကျလုနီးပါး နီးစပ်ရင်းနှီးခဲ့ကြတာ တကယ့်ကို အဖိုးတန်တဲ့ အချိန်လေးတခုတွက် ကိုယ် သူ့ကို ကျေးဇူးတင် ခင်မင်ရင်းနဲ့ သတိရနေမှာပါလေ။ 

ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ စံစားပါလေ ကွေးရေ...
အချိန်လွန် နောက်ကျပြီးမှ သိခဲ့ရတဲ့အတွက် နောက်ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရခဲ့တာကို နားလည် ခွင့်လွှတ်ပါလေ။

Comments

သူငယ်ချင်းက ဆုံးသွားတာလား။ စောလိုက်တာနော်။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...