Skip to main content
၂၅.၁၂.၂၀၁၄ 

ဒီဇင်ဘာ.... ပြက္ခဒိန်တခုရဲ့ နောက်ဆုံးလ... နှစ်တနှစ်ကို နောက်ပြန်လှည့်ကြည့်ရင်း ရှေ့တနှစ်ကို ခရီးဆက်ဖို့ နောက်ဆုံးခြေလှမ်းတလှမ်း.....။

လွမ်းရသားပဲ ဒီဇင်ဘာရယ်... ဘာရယ်မဟုတ်... ပွင့်လင်းတဲ့ရာသီ... ခရီးအသွားအလာများတဲ့ ရာသီ... သူများတွေကို ကြည့်ရင်း ကိုယ်တွေလည်း ဘာလုပ်ရကောင်းမလဲ ယောက်ယက်ခတ်တဲ့ ဒီရာသီလေ...။

ကိုယ် ပြန်မလှန်ဖြစ်တဲ့ ဘလော့ဂ်က သဇင်ကို အလွမ်းပြေ စာတွေ ပြန်ဖတ်ရတယ်။ သူငယ်ချင်း ခင်မမနဲ့ ရေးခဲ့တုန်းက စာလေးတွေ ပြန်ဖတ်မိတော့ အဲဒီအချိန်တုန်းက အကြည်ဓာတ်လေးတွေကို ပြန်ခံစားမိတယ်။ စာရေးကောင်းတဲ့ သူငယ်ချင်းစာကို ဖတ်ပြီး ရယ်မော ပြုံးရွှင်ရင်း အဲဒီ့အချိန်လေးကို သတိတရ လွမ်းမိတယ်။ ဘလော့ဂ်ပေါ်မှာ ကိုယ့်အကြောင်းတွေ သိပ်မသိတဲ့ မိတ်ဆွေတွေ လာဖတ်တာကို ရှက်ရကောင်းမှန်း မသိပေမယ့် ဖဘပေါ်မှာ ကိုယ်တွေအကြောင်း ကျောင်းက အကြောင်းသိတွေ သိကုန်တာတော့ (နဲနဲ မဟုတ်) များများ မျက်နှာပူမိတယ်။  ဒါပေမယ့် အသက်တွေလည်း ကြီးလာတော့ ရှက်လည်း (သူငယ်ချင်း ဘိတ်သူ လေသံနဲ့ဆို) မျက်ခွက်တော်တော်ပြောင်နေပြီ..... သူငယ်ချင်းရဲ့ အရေးအသား ခပ်သွက်သွက်ကို ကျောင်းက သူငယ်ချင်းတွေ သတိထားမိကုန်ကြတာ အရေးမဟုတ်.... သူက ဘလော့ဂ်လုပ်ထားတာ မဟုတ်ပဲ အပျင်းပြေ ကိုယ့်ဘလော့ဂ်ထဲ လာရေးတာဆိုတော့ မတော် ကိုယ် ပေါက်တတ်ကရ လျှောက်ရေးထားတဲ့ ဘလော့ထဲ ရောက်လာရင် ကိုယ် အရှက်ကွဲမှာလည်း တွေးပူမိသေးတယ်။ သူကတော့ ကုန်ကြမ်းတွေများပြီး ရေးစရာတွေ ပုံနေတော့ စာတွေ ရေးဦးမယ်လို့ ကြွေးကြော်နေရင်း ဖဘပေါ်မှာ ရင်တွင်းဖြစ်တွေ ဆက်တိုက်ရေးလို့... ကိုယ့်မတော့ ရှိတဲ့ ဘလော့ဂ်လေး ဖုန်တောင် မခါနိုင်တာတောင် ကြာ... သူများတွေ blog challange တွေ လုပ်လည်း ကိုယ့်မှာ မရေးနိုင် မရေးအား ရေးလို့ မထွက်.... 

ခုတလော စဉ်းစားမိနေတာ....

လူတွေရဲ့ စိတ်တွေ ဘယ်လို ပြောင်းလဲသွားသလဲဆိုတာ စိတ်ဝင်စားနေမိတယ်။ ကိုယ့်စိတ်တွေရဲ့ အကြိုက်တွေ သိသိသာသာ ပြောင်းလဲလာတာကို သတိထားမိပေမယ့် ဘယ်လို အဆင့်ဆင့် ပြောင်းလဲလာသလဲဆိုတာကို မသိလိုက်ဘူး။

အကြောင်းတရားတွေက မမြဲလို့ အကျိုးတရားတွေကလည်း မမြဲပေဘူးတဲ့....

မမြဲတဲ့ တရားတွေကို တည်တံ့ ခိုင်မြဲအောင် အတင်းကြိုးစားနေတာဟာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလို ဖြစ်နေမှာ သေချာပါရဲ့။

Merry X'Mas and Happy New Year To All.......

http://holidayswishes.net/wp-content/uploads/2014/10/Merry-Christmas-and-happy-new-year-HD-candle-wallpaper-2015.jpg
http://christmas2014newyear2015.com/wp-content/uploads/2014/11/Happy-new-year-2015-pictures-free-download.png



Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...