Skip to main content

အာဇီဝဋ္ဌမက သီလဆောက်တည်ပုံ နှင့် သီလရှင်းတမ်း။



အာဇီဝဋ္ဌမက သီလဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ 
(ဒုတိယမ္ပိ - တတိယမ္ပိ -)
( ယမဟံ ဝဒါမိ တံ ဝဒေထ။)( အာမ ဘန္တေ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
(သရဏ ဂမနံ ပရိပုဏ်ဏံ ။)(အာမ ဘန္တေ)

၁။ *ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ 
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၂။ *အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

၃။ *ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သူတစ်ပါး သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါ၏၊

၄။ *မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊

၅။ *ဂပိသုဏဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

၆။ *ဖရုသဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏

၇။ *သမ္ဖပ္ပလာပ ဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သိမ်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

၈။ *မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မှားယွင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ပါ၏။

(တိသရဏေန သဟ အာဇီဝဋ္ဌမက သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ)
(အာမဘန္တေ)



အာဇီဝဋ္ဌမက သီလရှင်းတမ်း
ဤ အာဇီဝဋ္ဌမက သီလသည် တစ်ကြိမ်လောက်ဆောက်တည်ပြီးလျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်ဆောက်တည်ဖွယ် မလို၊အခြားသော ငါးပါး ရှစ်ပါးသီလများလည်း မကျိုးပျက် သေးသမျှ နောက်ထပ်ဆောက်တည်ဖွယ်မလို ၊ သို့သော် ထပ်၍ဆောက်တည်ခြင်း၌ကား အပြစ်မရှိ။

အာဇီဝဋ္ဌမက- အသက်မွေးဝမ်းကြောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအဝယ်ဟူသမျှကို ပါဠိလို အာဇီဝဟုခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို မိစ္ဆာဇီဝ ဟုခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝဟု ခေါ်၏၊ ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို အဋ္ဌမက ဟုခေါ်၏။

ပါဏာတိပါတမှ ရေတွက်လျင် မိစ္ဆာဇီဝါ ဝေရမဏိသည် ရှစ်ပါးမြောက်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝဋ္ဌမက သီလဟုခေါ်၏၊

ဤအာဇီဝဋ္ဌမက သီလဆောက်တည်ပုံကို ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြ၊ ငါးပါးဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ကြဟန်တူ၏၊ ထိုရှစ်ပါးတို့တွင် နံပတ် တစ်မှ နံပတ် ခုနစ်ထိ သိက္ခာပုဒ်တို့မှာ သုစရိုက်ဆယ်ပါးတွင် ကာယကံ သုံးပါးနှင့် ဝစီကံလေးပါးတည်း၊ ထို ၇ ပါးလုံခြုံသော သူတော်ကောင်း၌ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်ပါမူ အာဇီဝဋ္ဌမက သီလ ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ အမြဲလုံခြုံနေပါသည်၊

ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ အာဇီဝဋ္ဌမက သီလကိုလည်း ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏၊ ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် သီလဖြစ်သကဲ့သို့ ဤအာဇီဝဋ္ဌမက သီလသည်လည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမည့် သီလဖြစ်သည်၊ဤ အာဇီဝဋ္ဌမက သီလကို ကျမ်းဂန်များ၌ အာဒိဗြဟ္မစရိယသီလ ဟုလည်းခေါ်သေး၏၊ဤ အာဇီဝဋ္ဌမက သီလလုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်၏၊ ဤအာဇီဝဋ္ဌမက သီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင် ။ ထို့ကြောင့် ဤအာဇီဝဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အခြေခံသီလ ဖြစ်သည်၊
                                                                            
 ( အရှင်ဇနာကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည် )
                                
သတိပြုရန် ။           ။ ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ ရုပ်ပွားတော် ၊ စေတီ
                             ရှေ့ဝယ် ဆောက်တည်ကြရာ၌ " အဟံ ဘန္တေ " စသော သီလ
                             တောင်းများကို ဆိုစရာမလိုပါ ။ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ကစ၍
                             " မိစ္ဆာဇီဝါ ဝေရမဏိ " တိုင်အောင် ဆိုပါလေ ။

အာဇီဝဋ္ဌမကသီလ ကို အသက်ထက်ဆုံး ဆောက်တည်နိုင်သော ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ်
 ဖြစ်ပါစေသတည်း ။



Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...