Skip to main content
အစွဲအလမ်းတခုကို ပြတ်တောက်သွားဖို့ ဒါမှမဟုတ် ဖြတ်တောက်ပစ်လိုက်ဖို့ အချိန် ဘယ်လောက်လောက် ယူရသလဲ။ စိတ်ကို ပြင်ဆင်ဖို့ နေသားကျဖို့ လက်ခံလိုက်ဖို့အတွက် လိုတဲ့ အချိန်လား။ ကိုယ့်ဘဝမှာ စွဲစွဲလမ်းလမ်းရှိခဲ့တဲ့ အရာတခုဆိုရင် ကော်ဖီပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ် သိတတ်စ အရွယ်က စပြီး ကော်ဖီဟာ နံနက်စာထဲ မဖြစ်မနေ ပါခဲ့တာပဲ။ ကော်ဖီမကြိုက်တဲ့ မေမေ့သမီးပေမဲ့ ကော်ဖီကြိုက်တဲ့ မားမားလာရင်တော့ ညဖက်ပါ ကော်ဖီနဲ့မုန့် သောက်ရတာပေါ့။ တခါတလေ ကိုယ်စွဲလမ်းနေတယ်ဆိုတာဟာ အလေ့အကျင့်တွေကနေ လာခဲ့တာကိုး၊ အဆောင်ရောက်တော့လည်း ကော်ဖီမတ်ခွက် တခွက်ဟာ အပြင်မထွက်ချင်တဲ့အခါ နေ့လည်စာလည်း ဖြစ်ရင် ဖြစ်သွားတာပါပဲ။ လူကြီးတွေ ဖျော်ပေးလို့ သောက်ရတဲ့ ကော်ဖီတွေကနေ ကိုယ့်ဟာကိုယ်ဖျော်သောက်၊ နောက် ကော်ဖီဆိုင်တွေမှာ သောက်၊ နောက် ကလေးတွေကို ဖျော်ခိုင်းပြီး သောက်နေတာ သားကြီးတောင် အသက် ၂၀ တော်တော် ကျော်ခဲ့ပြီပေါ့။ တခါတလေ ရှိရင်းထက် ပိုစွဲနေလို့ အစွဲအလမ်းဖြစ်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကော်ဖီတခွက်နဲ့ စာအုပ်တအုပ်ရှိနေရင် ရပြီးလို့ ကော်ဖီကို ထမင်းအစားထိုးလို သောက်တတ်နေခဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ခြင်းတမျိုးပေါ့။ မဖြစ်မနေ လုပ်ကို လုပ်ရမဲ့ အခြေအနေမျိုးတွေမှာ ကိုယ်တွေ ဘာမှ ငြင်းဆန်ခွင့်၊ တောင်းဆိုခွင့် မရှိတော့ပဲ လက်ခံလိုက်ရတာပဲ မဟုတ်လား။ ( အဲ...ကိုယ်က အဲဒီလို အခြေအနေမျိုးမှာဆို resist လုပ်နေရင် ပင်ပန်းတယ်၊ "လက်ခံလိုက်" လို့ ပြောတာကို သူက သိပ်သဘောမကျလှဘူး။ သူသုံးလိုက်တာ တမျိုး၊ နောက်မှတ်မိမှ လာပြန်ထည့်မယ်။) ကိုယ် ခရီးတခုကအပြန် ကော်ဖီဆိုတာ မဖြစ်မနေမဟုတ်တော့ဘူး။ ခါးခါးသီးသီး မုန်းတီး ဖြတ်တောက်ပစ်စရာလည်း မဟုတ်လေတော့ ကြုံရင် သောက်မယ်။ ခုဆို ကော်ဖီမှုန့်တွေတောင် မရှိတော့ဘူး။ အားတိုင်း သားကြီး ကော်ဖီဖျော်ပါဦးကွ၊ ကော်ဖီလေး လုပ်ပါဦး လို့ တနေ့ ၅ ကြိမ်ထက် မနည်း ခိုင်းနေတတ်တဲ့ အမေကို ကော်ဖီသောက်ဦးမလားလို့ လုပ်နေကျအလုပ် မလုပ်ရတော့လို့ နေသားမကျပုံနဲ့ လာ လာ မေးနေသေးရဲ့။ ကော်ဖီပြတ်သွားပြီလား မေးရင်.... ကော်ဖီကို မသောက်ရရင် နေလို့မကောင်းဘူးလို့ ထင်နေတဲ့ အစွဲအလမ်းတော့ ပြတ်သွားပြီဆိုပါတော့... လောလောဆယ် ဘလော့ဂ်ပေါ် ပြန်ရောက်လာပြန်ပြီ။ ဆိုရှယ်မီဒီယာတွေမှာ နေလို့ မကောင်းတော့ဘူးလေ။ ကိုယ့်ကို ဆူမဲ့သူတွေချည်းပဲ....LOL ရေးချင်တာ ရေးချင်တဲ့ စိတ်လေးအတွက် blog လေးကို ဖုံလာသုတ်သွားတယ်။ ခုလိုအချိန်တွေမှာ မွန်းကြပ်လှတယ်။ နေသာတဲ့ နေရာလေးတခုတော့ ကိုယ့်အတွက် ရှိကောင်းပါရဲ့။

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...