ခုချိန်ဟာ ဘဝမှာ အကြပ်တည်းဆုံး အပင်ပန်း အခက်ခဲဆုံးကာလကို ဖြတ်ကျော်နေကြရတဲ့ အချိန် ထင်ပါရဲ့.... သူများတွေရဲ့ အနာတရတွေဟာ ဆိုးဝါးလွန်းလို့ ကိုယ့်အနာကို ကြိတ်ခံရင်း စုတ်သပ်ရမှာတောင် အားနာလွန်းလှ.... ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးသာ ရှိတဲ့ ဒီလောကကြီးဟာ ပင်ပန်းစရာတွေချည်းပဲပါလား။ လောကီ နဲ့ လောကုတ္တရာ ပါးပါးလေးကြား နှလုံးမသွင်းနိုင်လို့ စိတ်တွေဟာ ချုံးချုံးကျ ပူလောင်လို့။
လူကြီးတွေဟာ ကောင်းကောင်းညာတတ်ကြတယ်။ သူတို့ ဘဝတသက်လုံး သင်ကြားမှတ်သားထားခဲ့တဲ့ သညာတွေအားကိုး၊ သံသရာအဆက်ဆက် စုဆောင်းခဲ့တဲ့ အကုသိုလ် ကလိမ်ကကျစ်တွေ အားကိုးနဲ့ ကောင်းကောင်းကို ညာတတ်ခဲ့ကြတာပဲ။ စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင်၊ သိက္ခာမဲ့ စုတ်ပြတ်သတ်သွားအောင်... ပြီး အရှိန်တငြီးငြီးနဲ့ သူကိုယ်တိုင်လောင်မြှိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ ကူးစက်ပြာချလိုက်ဖို့ ဝန်မလေးလောက်အောင်လည်း စိတ်ဓာတ်တွေဟာ အောက်တန်းကျလှ...
တဘဝစာလေးကို အဲဒီလောက်တောင် လုပ်ရက်ကြတယ်လို့ မင်တက်ရင်နာကြရင်း ငါတို့ဟာ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ခေါင်းအစ ခြေအဆုံး တဆင့်ပြီး တဆင့် တရစ်ပြီး တရစ် နစ်သထက် နစ်လို့....
ငါ၊ သူတပါး၊ ယောကျာ်း, မိန်းမ မရှိဘူးလို့ နှလုံးသွင်းနိုင်အောင် ကြိုးစားရင်း တဘဝစာအတွက်နဲ့ သံသရာအဆက်ဆက် မိုက်တွင်းကို အဝိစိအောက်ရောက်အောင် တူးဆွနေတဲ့ ငမိုက်သားတွေကို ကရုဏာထက် မုန်းတီးနာကျည်းမှုတွေဟာ တကိုယ်လုံး လောင်မြှိုက်လို့နေ....ငါ ဘယ်လို ဖြေလို့ရပါ့မလဲ..
တရားအားထုတ်တဲ့အခါ ဒုက္ခဝေဒနာ ပြင်းထန်လာရင် ခွာရှုဖို့ ဆရာတွေညွှန်ပြလေ့ရှိကြတယ် မဟုတ်လား...
ငါ၊ ငါ့ဟာကို စွဲနေတော့ ပိုပင်ပန်းရတယ်။ ဆုပ်ကိုင်ထားတော့ ပိုခံရတယ်၊ အခုလည်း ခွာကြည့်ရတော့မဲ့ အခြေအနေရောက်လာခဲ့ပြီ။ ဒီထဲမှာ စုံးစုံးမြှုပ်ထားရင်း ငါဟာ ဒီလိုပဲ အလဟဿ ကုန်ဆုံးသွားရတော့မှာလား...ရုန်းထွက်ဖို့ မေ့ပစ်ဖို့ မဟုတ်ဘူး...အညစ်အကြေးတွေ နွံတောထဲ မဆင်းပဲ ဘယ်လို ထွက်ပေါက်ရှာနိုင်မလဲ စဉ်းစားကြည့်ချင်သေးတယ်။
( ရေငုံနှုတ်ပိတ်၊ တိတ်တိတ်လေး နေနေရတဲ့ ကာလတွေ)
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

Comments