Skip to main content

Posts

Showing posts from March, 2026
၂၇ မတ်လ ၂၀၂၆ Blog စ​ ရေးခဲ့တုန်းက ရွှေဝါရောင် အရေးအခင်း နဲ့ ကြုံတယ်... ပြီး နာဂစ်... အခု တကျော့ပြန်အာဏာသိမ်းမှုအောက်မှာ အလူးအလဲ ခံစားနေရတဲ့ ဒီ ၅ နှစ်မှာ လူရော စိတ်ရော အတော့်ကို ကျသွားခဲ့ရပြီ... တသက်မှာ အဆိုးဆုံးအချိန်တွေပါပဲ... တယောက်တည်း ဆိုးနေတာမဟုတ်ပဲ...တတိုင်းပြည်လုံး... ခုဆို ... ကမ္ဘာနဲ့ အဝှမ်း ဆိုကြပါစို့ရဲ့... အရင်က ကိုယ့်မိသားစုလေးဟာ ကိုယ့်ကမ္ဘာပဲလေ... ကလေးတွေနဲ့ ရုန်းရင်း ကန်ရင်း ကုန်ခဲ့ရပြီး ... ခုကျတော့ ကလေးတွေကို အဝေးကို ပို့ထားရတဲ့ မိဘတွေသာ ကျန်ရစ်ခဲ့ကြရတော့ ငါတို့ တိုင်းပြည်... အရွယ်ရလာတဲ့ ကိုယ်တွေက ကြွေမှည့်လု မိဘတွေကို စောင့်ရှောက်ရတဲ့အခါ ... အရာရာဟာ ကိုယ်တို့တွေချည်းသာမို့ အထက်မီး အောက်မီးသာ မက..မီးပေါင်းစုံနဲ့ မြှိုက်ခံထားရတဲ့ ဆနွင်းမကင်းတွေလိုပါပဲ... ဘဝတွေဆိုတာထက် အတွေ့အကြုံ ပတ်ဝန်းကျင်တွေက အတော်ကွာခြားနေလေတော့ ပြောရဆိုရ ဆက်ဆံရတာဟာ သွေးအေးသွားတာပါပဲ... ပြောလည်း နားလည်မှာ မဟုတ်ပါဘူးဆိုတာက စိတ်ထဲ အရင်ရောက်လာတဲ့ အရာ... ဒါတွေချည်းပဲ ပြောနေရတာလည်း ကိုယ်လည်း မော သူတို့လည်း မော...အကုန်လက်ပန်းကျနေကြနေပြီမို့ ဒီအရိပ်အောက်က ခဏဖြစ်ဖြစ် ရှောင်ချင်ကြတာချည်းပါပဲ... အဝေးရောက်နေတဲ့...