အိပ်မက်တွေ ရှင်သန်နေပါစေသင့်ကိုယ်သင် ယုံပါ၊
ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊
သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး
သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ. ၀န်းရံထားလိုက်ပါ၊
ခရီးလမ်းတလျှောက်မှာ၊ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက
အိပ်မက်တွေကို ရှင်သန်နေပါစေ။
အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် ပြောင်းလဲခြင်းနဲ.သာ တိုးတက်မှူကို ကြုံတွေ.ရနိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို. သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ.သာ
သင်ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာ၊
သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊
အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ.သာ၊
ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ။
အောင်မြင်ရေးအတွက် သော့တစ်ချောင်းသာ ရှိတယ်၊
အောင်ပွဲမခံရသရွေ. လက်မလျှော့ပါနဲ.၊
သင်စွမ်းဆောင်နိုင်ပါတယ်၊
ကြီးမြတ်ခြင်းမျိုးစေ့
သင့်ကိုယ်တွင်းမှာ ရှိတယ်၊
ဒါကို ပြုစုပျိုးထောင်ပါ၊
လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ။
(လူထုစိန်ဝင်း မှ ဘာသာပြန်ပါသည်)
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments