Skip to main content
အခုတလော ကိုယ်နဲ.ရွယ်တူ သူငယ်ချင်းတချို.ရဲ.နာရေးသတင်းတွေ မကြာခဏ ကြားကြားနေရတော့ ကျမတို.လည်း မေ့မေ့လျော့လျော့နေခဲ့ကြတဲ့ သေခြင်းတရားကို ပြန်သတိရ လာရပြန်ပါတယ်။ ကိုယ်ပိုင်ဘာမှ မရှိသေးတော့လည်း မသွားချင်သေးပါဘူး။ အဆင်သင့်လုပ်ထားဖို.နဲ. အချိန်သိပ်ဆွဲနေလို. မဖြစ်တော့ဘူးဆိုတာ ပိုသဘောပေါက် လာရပါတယ်။ အရှင်ဆန္ဒာဓိကရဲ. မသေခင် ဘာလုပ်ကြမလဲ စာအုပ်လေးထဲက တကယ်မသေခင် အစမ်းသေကြည့်ရဖို. ကျမ ကြိုးစားကြည့်မယ်လို. စဉ်းစားထားတာလေးတွေကို ကောက်နှုတ် တင်ပြလိုက်ပါတယ်။


တကယ်မသေခင် အစမ်းသေကြည့်ရအောင်


ဒီဘ၀ ဒီခန္ဓာနဲ. သံသရာဝဋ်ဇာတ် အမြတ်ပြတ်အောင် အားမထုတ်နိုင်သေးဘူးဆိုရင်တော့ သေလွန်ပြီးတဲ့နောက် ကောင်းရာ သုဂတိရောက်ဖို.ကိစ္စကို အရေးတကြီး ထည့်သွင်းစဉ်းစားရပါဦးမယ်။

သောတာပန်မှ မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။

တကယ်သေလွန်ခါနီးအချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို.အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို. လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို.အတွက် အသေလေးနဲ. လေ့ကျင့်ထားရပါမယ်။

မနိုးသောအိပ်စက်ခြင်းနဲ. အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံး အနေအထားဖြစ်နေဖို.အတွက် နိုးသော အိပ်စက်ခြင်းနဲ. အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့်ထားဖို.လိုအပ်ပါတယ်။ ညအိပ်စက်တာဟာ အသေလေးနဲ. သေတာပါ။ ညအိပ်တော့မယ်လို. မျက်စိမှိတ်လိုက်တာနဲ. တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ်အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။

ကုသိုလ်အာရုံက ဒါနအာရုံ၊ သီလအာရုံသမထအာရုံ၊ ၀ိပဿနာအာရုံ လို. လေးမျိုးရှိပါတယ်။

တကယ်သေခါနီးအချိန်မှာ ဘယ်ကုသိုလ်အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို.ရမယ်ဆိုတာ ကြိုတင်မသိနို်င်တဲ့အတွက် အိပ်ခါနီးအချိန်မှာ ကုသိုလ်အာရုံလေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင်လေ့ကျင့်ထားတာတောင်မှ တကယ့်တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို. သိခဲ့ရင်တောင်မှ အင်အားကြီးမားတဲ့ အစွဲအလမ်းအာရုံတွေ၊ အတွယ်အတာ အာရုံတွေရဲ. လွှမ်းမိုးမှုကြောင့် ကုသိုလ်အာရုံကို အာရုံယူဖို. ခက်ခဲနေတတ်ပါတယ်။

ဒါကြောင့် ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို. သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။

ဒါနအာရုံ အနေနဲ. ဒီနေ.ဒီအချိန်အထိ ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခုကို အာရုံပြုရပါမယ်။ ငွေကြေးအကုန်အကျ အနည်းအများက အဓိကမဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက်ကျေနပ်ဖို.၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိဖြစ်ဖို.က အဓိကပါ။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။

ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိဖြစ်နေရပါမယ်။

ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေးနဲ. သေခါနီး) ရဲ. အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို. အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ. တစ်နေ.တာကို အဆုံးသတ်လိုက်ရတဲ့အတွက်….. ဘ၀တစ်လျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ်အနေနဲ. အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့အချိန်မှာ ငါးပါးသီလလုံခြုံသူ ဖြစ်နေဖို.အတွက် ညအိပ်ရာဝင်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ.။ အိပ်တော့မယ်ဆိုတော့လည်း “ငါ အခုနောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့အချိန်က စပြီး ငါးပါးသီလ လုံခြုံနေပြီ” လို. ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။

သမထကုသိုလ်အနေနဲ. ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများပါ

ဥပမာ၊ အရဟံ ဂုဏ်တော်ကို အနှစ်သက်၊ အကြည်ညိုဆုံးဆိုရင် “အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား” လို. အရဟံ ဂုဏ်တော်ရဲ. အဓိပ္ပာယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွားများရပါမယ်။

ဘုရားဂုဏ်တော်ကိုးပါးလုံးကို အဓိပ္ပာယ်သိသိပွားနိုင်ဖို.အတွက် မြန်မာလို အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ. မေတ္တာဘာဝနာ ပွားများနေရပါမယ်. အနည်းဆုံး “ သတ္တ၀ါအားလုံး ချမ်းသာကြပါစေ” လို. သုံးခေါက်လောက် ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ.လည်း မေတ္တာပွားနိုင်ပါတယ်။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပဿနာကုသိုလ်နဲ. အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရှုမှတ်ပြီးနေပါ။

လေ၀င်၊ လေထွက်တိုင်း၊ ထိတွေ.တွန်းကန်မှုတွေကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသ စတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့်မရတော့ပါဘူး။ သမာဓိ ဉာဏ်ရင့်သန်ပြီးသား ကပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေ၀င်လေထွက် မှတ်ရင်း မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု သွားနိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာအာရုံနဲ. အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီအာရုံ လေးမျိုး တစ်မျိုးမျိုးနဲ. သေလွန်ရမှာ သေချာပါတယ်။

ဒါကြောင့် ညအိပ်ရာဝင်၊ ခေါင်းအုံးပေါ်ခေါင်းချ၊ ကျောဆန်.ပြီးတာနဲ. တစ်ပြိုင်နက် “ ငါ ခဏသေလိုက်ဦးမယ်”လို. ကိုယ့်ကိုယ်ကို စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့်ကြဖို. အထူး တိုက်တွန်းလိုက်ပါတယ်။ မသေခင်လုပ်ရတဲ့ အလုပ်တွေထဲမှာ သေနည်း လေ့ကျင့်တဲ့အလုပ်ကို ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။ ။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...