Skip to main content

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့

ဒီတစ်ပတ် ဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးပါ။ ကျမ မမှားဘူးဆိုရင်တော့ ဒီဆောင်းပါးပါ အကြောင်းအရာမျိုးကို ဆရာကြီးရေးခဲ့တာတွေ ကျမ ဖတ်ဖူးပြီးသားပါ။ ဘယ်လိုဖြစ်ပြီး ဒီလိုအချိန်အခါမျိုးမှာ ပြန်ပါလာရသလဲတော့ မသိနိုင်ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်။ 

ဆရာကြီးက မြန်မာလူမျိုးတွေကို အပြစ်ပြောတာကို မကြိုက်ဘူးနဲ့ တူပါတယ်။ အခြေအနေမပေးလို့ မလုပ်နိုင်တာလို့ ပြောချင်တာထင်ပါရဲ့ ။ ဟုတ်ပါတယ်။ မြန်မာလူမျိုးတွေက မညံ့ခဲ့ကြပါဘူး။ ဘယ်နေရာမှာမဆို မြန်ဆန်စွာ ကျွမ်းကျင်လိမ္မာတတ်မြောက်တတ်ကြပါတယ်။ အင်း...။ လူမျိုးအနေနဲ့ မညံ့ပဲ ဘာဖြစ်လို့ ကျမတို့ တိုင်းပြည် နောက်ကျကျန်ရစ်ခဲ့ရတာပါလိမ့်နော်။ 

ကျမ နားလည်သလောက်တော့ အပြင်ထွက်ကြည့်မိတဲ့ သူတိုင်းကတော့ အရင်ပတ်ဝန်းကျင်နဲ့ အဆမတန် ကွာခြားနေလေတဲ့ ပြင်ပလောကကို သဘောကျကြမှာပဲလေ။ မသိဖူးခဲ့တဲ့ ပြင်ပ ပတ်ဝန်းကျင်နဲ့  ခေတ်မီတိုးတက်နေတာတွေ၊ လူနေမှု အဆင့်မြင့်နေတာတွေ၊ သူများတိုင်းပြည်တွေမှာ တိုးတက်နေတာတွေကို မြင်တဲ့ အခါ... အနည်းဆုံးတော့ ကိုယ့်တိုင်းပြည်ကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တဲ့ စိတ်စေတနာကောင်းလေးဖြစ်လာမှာပါပဲ၊  ကိုယ် ဟင်းကောင်းစားရတဲ့ အခါ ကိုယ်ချစ်တဲ့သူတွေကို ပြန်မျှဝေချင်တဲ့ စေတနာမျိုးပေါ့။ 
ဆရာကြီး ပြောသလိုပါပဲ။  သည်နေရာမှာမွေးဖွားကြီးပြင်း သည်ရေသောက်သွားပြီး ခုမှ ကိုယ့်တိုင်းပြည်လူမျိုးကို အထင်အမြင်သေးပြီး နှိမ့်ချတဲ့ အကြည့်တွေမျိုးနဲ့ ကြည့်တာတော့ ကျမလည်း သဘောမကျပါဘူး။ ခုအချိန်မှာ ကျမတို့ တိုင်းပြည်မှာ ဦးနှောက်ယိုစီးမှုနူန်း အဆမတန်များပြားလာပါတယ်။ လူဆိုတာ တိုးတက်ကြီးပွားချင်တတ်တဲ့ အမျိုးဆိုတော့ တိုးတက်ကြီးပွားရာကို ရွှေ့ပြောင်းနေထိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အတ္တတစ်ခုထဲကိုပဲ ရှေ့တန်းတင်ရင်တော့လည်း မဖြစ်သေးပြန်ပါဘူး။   အဲဒီလိုပဲ ယိုစီးသွားတာကို အပြစ်ပြောနေတာထက်စာရင် ဒီအပေါက် ဘာဖြစ်လို့ ပိုကျယ်လာရသလဲ ဆိုတာကို အဖြေရှာသင့်တယ် ထင်တာပါပဲ။ လူငယ်တွေ လုပ်ချင်သလောက် လုပ်ခွင့်ရကြပါသလား။ လူကြီးတွေကရော လူငယ်တွေကို နေရာပေး လမ်းညွန်ပြကြပါသလား။  ကိုယ့်တိုင်းပြည်က သင်ပေးလိုက်တဲ့ ပညာတွေကို အကျိုးရှိရှိ သိက္ခာရှိရှိ ပြန်အသုံးချခွင့်ရကြသလား။ မိုးခါးရေတိုက်ပြီး စိတ်ဓာတ်တွေ အဖျက်ဆီးခံ လိုက်ရတာထက်စာရင်တော့ ပိုမိုကောင်းမွန်တိုးတက်တဲ့ ပညာတွေကို ဆက်လက် လေ့လာ သင်ယူတဲ့သူတွေ၊ အနည်းဆုံး စည်းကမ်းစနစ်ကျတဲ့ တိုင်းပြည်က စည်းစနစ်ကောင်းတွေ၊ နည်းပညာတွေကို ပြန်သယ်လာနိုင်ပြီး ကောင်းတာလေးတွေ မျှဝေနိုင်ရင်တော့ တိုင်းပြည်အတွက် ပိုအကျိုးများမယ်လို့  ထင်ပါတယ်။
ဆရာကြီးရဲ့ ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါဦး။ ဒီအချိန်မှာတော့  “ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှ ပူစရာ မရှိပါဘူး၊ ပြည်တွင်းမှာ လုံလုံလောက်လောက် ရှိတယ်” ဆိုတဲ့ စကားဟာ လက်ရှိအချိန်မှာ ဆရာကြီးရေးတဲ့ စာ... ဟုတ်ပါ့မလားပဲနော်။ မသိဘူးလေ။ ထင်တာလေးပြောကြည့်တာပါ။


Read this document on Scribd: luhtuseinwin030908tokoshwebamar

Comments

တ ချို့ က ဟုတ် ပါ တယ်..။ အကုန် လုံး တော့ မဟုတ် ပါ ဘူး..။
Sonata Cantata said…
ဒီအချိန်မှာ လူဖြစ်လာတဲ့ တို့ဘဝ
ဒီနိုင်ငံခြားဆိုတဲ့ topic က
အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးကို
ဂုတ်ခွ မစီးဖို့
သတိအနေအထား စွဲထားရတာ
သက်သာကို ဘယ်တော့ ပြောင်းရပ
မသက်မသာ ရှိလှတာ
ဘာပါလဲကွာ။
tg.nwai said…
အင်း... ဒီအချိန်မှာ လူဖြစ်လာတဲ့ တို.ဘဝ
ကိုယ့်တိုင်းပြည်မှာ ကုပ်ကတ်တွယ်ပြီး
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမယ်... အထပ်ထပ်အခါခါဆိုရင်း ....
အသံတွေ တိုး.. တိုးကုန်တာ..
အမှန်တရားဆိုတာ ဘာပါလိမ့် ဖွေရှာဖို့တောင်..ခပ်တွန့်ဆုတ်ချင်ချင်...
လက်ရှောင်နေတာ အမှန်တရားပါပဲ....... ထားလိုက်ပါတော့။
ဖြစ်လာသမျှဟာ အကြောင်းတရားရဲ့ အဆက်တွေပေမယ့် နောင်အကျိုးဖြစ်မယ့် အကြောင်းတရားတွေကိုယ်တိုင်လည်း ဖြစ်နေပြန်တယ်လေ။ ....အင်း

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။