Skip to main content

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့

ဒီတစ်ပတ် ဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးပါ။ ကျမ မမှားဘူးဆိုရင်တော့ ဒီဆောင်းပါးပါ အကြောင်းအရာမျိုးကို ဆရာကြီးရေးခဲ့တာတွေ ကျမ ဖတ်ဖူးပြီးသားပါ။ ဘယ်လိုဖြစ်ပြီး ဒီလိုအချိန်အခါမျိုးမှာ ပြန်ပါလာရသလဲတော့ မသိနိုင်ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်။ 

ဆရာကြီးက မြန်မာလူမျိုးတွေကို အပြစ်ပြောတာကို မကြိုက်ဘူးနဲ့ တူပါတယ်။ အခြေအနေမပေးလို့ မလုပ်နိုင်တာလို့ ပြောချင်တာထင်ပါရဲ့ ။ ဟုတ်ပါတယ်။ မြန်မာလူမျိုးတွေက မညံ့ခဲ့ကြပါဘူး။ ဘယ်နေရာမှာမဆို မြန်ဆန်စွာ ကျွမ်းကျင်လိမ္မာတတ်မြောက်တတ်ကြပါတယ်။ အင်း...။ လူမျိုးအနေနဲ့ မညံ့ပဲ ဘာဖြစ်လို့ ကျမတို့ တိုင်းပြည် နောက်ကျကျန်ရစ်ခဲ့ရတာပါလိမ့်နော်။ 

ကျမ နားလည်သလောက်တော့ အပြင်ထွက်ကြည့်မိတဲ့ သူတိုင်းကတော့ အရင်ပတ်ဝန်းကျင်နဲ့ အဆမတန် ကွာခြားနေလေတဲ့ ပြင်ပလောကကို သဘောကျကြမှာပဲလေ။ မသိဖူးခဲ့တဲ့ ပြင်ပ ပတ်ဝန်းကျင်နဲ့  ခေတ်မီတိုးတက်နေတာတွေ၊ လူနေမှု အဆင့်မြင့်နေတာတွေ၊ သူများတိုင်းပြည်တွေမှာ တိုးတက်နေတာတွေကို မြင်တဲ့ အခါ... အနည်းဆုံးတော့ ကိုယ့်တိုင်းပြည်ကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တဲ့ စိတ်စေတနာကောင်းလေးဖြစ်လာမှာပါပဲ၊  ကိုယ် ဟင်းကောင်းစားရတဲ့ အခါ ကိုယ်ချစ်တဲ့သူတွေကို ပြန်မျှဝေချင်တဲ့ စေတနာမျိုးပေါ့။ 
ဆရာကြီး ပြောသလိုပါပဲ။  သည်နေရာမှာမွေးဖွားကြီးပြင်း သည်ရေသောက်သွားပြီး ခုမှ ကိုယ့်တိုင်းပြည်လူမျိုးကို အထင်အမြင်သေးပြီး နှိမ့်ချတဲ့ အကြည့်တွေမျိုးနဲ့ ကြည့်တာတော့ ကျမလည်း သဘောမကျပါဘူး။ ခုအချိန်မှာ ကျမတို့ တိုင်းပြည်မှာ ဦးနှောက်ယိုစီးမှုနူန်း အဆမတန်များပြားလာပါတယ်။ လူဆိုတာ တိုးတက်ကြီးပွားချင်တတ်တဲ့ အမျိုးဆိုတော့ တိုးတက်ကြီးပွားရာကို ရွှေ့ပြောင်းနေထိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အတ္တတစ်ခုထဲကိုပဲ ရှေ့တန်းတင်ရင်တော့လည်း မဖြစ်သေးပြန်ပါဘူး။   အဲဒီလိုပဲ ယိုစီးသွားတာကို အပြစ်ပြောနေတာထက်စာရင် ဒီအပေါက် ဘာဖြစ်လို့ ပိုကျယ်လာရသလဲ ဆိုတာကို အဖြေရှာသင့်တယ် ထင်တာပါပဲ။ လူငယ်တွေ လုပ်ချင်သလောက် လုပ်ခွင့်ရကြပါသလား။ လူကြီးတွေကရော လူငယ်တွေကို နေရာပေး လမ်းညွန်ပြကြပါသလား။  ကိုယ့်တိုင်းပြည်က သင်ပေးလိုက်တဲ့ ပညာတွေကို အကျိုးရှိရှိ သိက္ခာရှိရှိ ပြန်အသုံးချခွင့်ရကြသလား။ မိုးခါးရေတိုက်ပြီး စိတ်ဓာတ်တွေ အဖျက်ဆီးခံ လိုက်ရတာထက်စာရင်တော့ ပိုမိုကောင်းမွန်တိုးတက်တဲ့ ပညာတွေကို ဆက်လက် လေ့လာ သင်ယူတဲ့သူတွေ၊ အနည်းဆုံး စည်းကမ်းစနစ်ကျတဲ့ တိုင်းပြည်က စည်းစနစ်ကောင်းတွေ၊ နည်းပညာတွေကို ပြန်သယ်လာနိုင်ပြီး ကောင်းတာလေးတွေ မျှဝေနိုင်ရင်တော့ တိုင်းပြည်အတွက် ပိုအကျိုးများမယ်လို့  ထင်ပါတယ်။
ဆရာကြီးရဲ့ ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါဦး။ ဒီအချိန်မှာတော့  “ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှ ပူစရာ မရှိပါဘူး၊ ပြည်တွင်းမှာ လုံလုံလောက်လောက် ရှိတယ်” ဆိုတဲ့ စကားဟာ လက်ရှိအချိန်မှာ ဆရာကြီးရေးတဲ့ စာ... ဟုတ်ပါ့မလားပဲနော်။ မသိဘူးလေ။ ထင်တာလေးပြောကြည့်တာပါ။


Read this document on Scribd: luhtuseinwin030908tokoshwebamar

Comments

တ ချို့ က ဟုတ် ပါ တယ်..။ အကုန် လုံး တော့ မဟုတ် ပါ ဘူး..။
Sonata Cantata said…
ဒီအချိန်မှာ လူဖြစ်လာတဲ့ တို့ဘဝ
ဒီနိုင်ငံခြားဆိုတဲ့ topic က
အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးကို
ဂုတ်ခွ မစီးဖို့
သတိအနေအထား စွဲထားရတာ
သက်သာကို ဘယ်တော့ ပြောင်းရပ
မသက်မသာ ရှိလှတာ
ဘာပါလဲကွာ။
tg.nwai said…
အင်း... ဒီအချိန်မှာ လူဖြစ်လာတဲ့ တို.ဘဝ
ကိုယ့်တိုင်းပြည်မှာ ကုပ်ကတ်တွယ်ပြီး
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမယ်... အထပ်ထပ်အခါခါဆိုရင်း ....
အသံတွေ တိုး.. တိုးကုန်တာ..
အမှန်တရားဆိုတာ ဘာပါလိမ့် ဖွေရှာဖို့တောင်..ခပ်တွန့်ဆုတ်ချင်ချင်...
လက်ရှောင်နေတာ အမှန်တရားပါပဲ....... ထားလိုက်ပါတော့။
ဖြစ်လာသမျှဟာ အကြောင်းတရားရဲ့ အဆက်တွေပေမယ့် နောင်အကျိုးဖြစ်မယ့် အကြောင်းတရားတွေကိုယ်တိုင်လည်း ဖြစ်နေပြန်တယ်လေ။ ....အင်း

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...