Skip to main content

မေမေနှင့် သူ၏ ကလေးများ။

သမီးငယ် ရေကျောက်ပေါက်နေတာ သည်နေ့ဆို ငါးရက်မြောက်...

အလှကြိုက်သူမို့ သူ့မျက်နှာမှာ အရည်ကြည်ဖုလေးတွေ ကြည့်ပြီး မှန်မကြည့်ချင်တော့ဘူးလို့... စိတ်မချမ်းမသာ ဖြစ်နေရရှာပါတယ်..။

ကောင်းတာတစ်ခုကတော့ အမာရွတ်ကျန်ခဲ့မှာစိုးလို့ မကုတ်နဲ့နော်လို့ ပြောတာကို သည်းခံ အောင့်အည်းနေရှာတာပါပဲ...။ အခုတော့ အနာလေးတွေလည်း ချပ်တဲ့ဟာတွေ ချပ်နဲ့ တော်တော်တော့ သက်သာနေပါပြီ...။  ( မိဘတို့ ထုံးစံအတိုင်းပေါ့... ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပါပဲ.. ကလေးတွေ ခံစားနေရတာ ကြည့်ရတာ စိတ်ထဲ မကောင်းလှဘူး...) သက်သာပေမယ့် ဆေးပတ်လည်အောင် သောက်နေရသေးတုန်းပါ...။  ဆေးသောက်ခါနီးဆို သူ့ဘာသာ ဆေးပုလင်းရယ် ဇွန်းတွေ ရေတွေ အဆင်သင့်လုပ်ပြီး အမေ့ကို ဆေးတိုက်ဖို့ သတိပေးပေမယ့် တကယ်တိုက်တော့မယ်ဆို.. ခါးလို့ ထွက်ပြေးနေတတ်တဲ့ ကလေးမ...။ ဒါနဲ့ပဲ... ထုံးစံအတိုင်း အရုပ်ဝယ်ပေးမယ်.. ကြိုက်တာ ၀ယ်ပေးမယ်ဆိုပြီး ချော့မော့တိုက်ထားတာ ငါးရက်မြောက်ဆိုတော့... သူ့ရ ရမယ့် အရုပ်စာရင်းလည်း ငါးခု တောင် ဖြစ်နေပြီ...တဲ့...။

အရင်တပတ်ကမှ အသည်းအသန် ဗိုက်အောင့်လို့ ကျောင်းသုံးရက် ပျက်ထားတဲ့ သားငယ်က ဘေးက နားထောင်ရင်း မကျေမနပ်....။ သူ့ရမယ့် အရုပ်စာရင်းက သုံးခု....။ 

“ အင်း..မီးမီးက ငါးခုတောင်မှ... ရဲတောက်က တော့ သုံးခုထဲရယ်.... အဲလိုဆိုရင်......”
“ မီးမီးက ဆေးအကြာကြီးသောက်ရတာကိုး.. တောက်တောက်က သုံးခါပဲ သောက်ရတယ်လေ...”

သားငယ်ကတော့ ဆေးသောက်ရတာချင်းအတူတူ... နေမကောင်းကြတာချင်း အတူတူ....မီးမီးက ပိုရလို့ မကျေနပ်တဲ့သဘော...။ အငယ်မ ကလည်း သူရသင့်လို့ ရတဲ့ အကြောင်း ဆင်ခြေ ဆင်လက်နဲ့ ပြန်ပြောပါတယ်...။

စကားတွေက ဘယ်ကို ဦးတည်လာမလဲ တွေးကြောက်နေတဲ့  သူတို့အမေ... ကျမကပဲ သည်ကိစ္စကို ကမန်းကတန်း ၀င်ဖြတ်ပေးလိုက်ရပါတယ်...။

“ ကဲပါ.... ဆေးသောက်တာ လိမ္မာတဲ့ ကလေးတွေပဲ  ဆိုတော့ .. နှစ်ယောက်စလုံး ၅-ခု စီ  ၀ယ်ပေးမယ်လေ.... တော်ကြတော့နော်..”

ဟူး... တော်ပါသေးရဲ့... သားကြီးလည်း ဘေးမှာ ရှိမနေပေလို့. ...  တယောက်တလှည့်စီ နေမကောင်းဖြစ်ချင်နေကြရင်တော့... ဒီအမေလည်း.......။

Comments

PAUK said…
ကျနော် မကောင်းဘူး..
ချန်းချန်းကို ဘယ်တော့မှအရုပ်မ၀ယ်ပေးဖူးဘူး
သင်ခန်းစာယူသွားပါတယ်...
မီးမီးလေးး..အမြန်ဆုံးသက်သာပါစေ.
မီယာ said…
အရုပ်တွေ ပိုများလာတော့မှာပေါ့.. :) သက်သာအောင် စတစ်ကာပေးတမ်း တခါတလေ ကစားကြည့်ပေါ့ မသိင်္ဂီ.. တော်တဲ့ သူပဲ ရတာဆိုရင် စတစ်ကာလည်း လုမှာပဲ... (we've been there)
MANORHARY said…
သမီးနေမကောင်းဘူးကိုး..ဒါတောင် မနော့်ဆီလာသွား
လို့ကျေးဇူးတင်ပါတယ်။မနော်နေကောင်းပါတယ်။
မနော့်သားလည်းအဲလိုပဲ ငယ်ငယ်က ဆေးတစ်ကြိမ်မှာ
အရုပ်တစ်ခုလေ တစ်နေ့တည်းသုံးခုလောက်တောင်း
ရင်တောင်းတာ။ ဦးသိန်းအောင်ဆေးခန်းကလည်း ဆေး
ခန်းပြစဉ်တည်းက အရုပ်ကိုကြိုပေးစနစ်နဲ့ဝယ်လို့ရအောင်
စီစဉ်ပေးထားတာကိုး...း)
ခုတော့သားကလိမ္မာသွားးပြီ တက်ဘလက်တောင်သောက်
တတ်နေပြီ..
khin oo may said…
ဟိဟိ ဖတ်သွားပါတယ်။ရှင် ကျောင်းအကြောင်းမဟုတ်တဲ့ အကြောင်း
KLNG said…
အရုပ်လေးတစ်ရုပ်လောက်ပိုဝယ်ပေးပါလားငှင်ငှင်ငှင်
Sonata Cantata said…
ဒီအမေကတော့ အနုပညာ မရဘူး အကြမ်းပညာတွေချည်း လာတာ။
သက်ဝေ said…
သိင်္ဂီရေ...
သမီးလေး နေကောင်းသွားပြီလား...
တို့လဲ သိင်္ဂီ တို့လို သူငယ်ချင်းတွေရဲ့ အကြံကောင်းတွေ မေတ္တာ စေတနာတွေကြောင့် ခေါင်းကိုက်တာ သက်သာသွားပါပြီ...
ကျေးဇူးနော်...

ကိုကိုဒေါက်တာက သူများတွေကိုသာ ဆေးကုတတ်တာ... သိင်္ဂီရဲ့ ... တို့ကိုကျရင် ဘယ်လိုပြောပြော မသိချင်ယောင်ဆောင်နေတာ... ဆေးသောက်ဂျီးများပြီး ဆေးတစ်လုံးသောက်ဖို့အရေး မေးခွန်းတွေ တသီကြီးနဲ့ ဆင်ခြေ အထပ်ထပ်နဲ့ ပြီးတော့ နဲနဲလေး ဖြစ်တာကို အများကြီးဖြစ်သလို မူယာမာယာ တွေများလွန်းလို့တဲ့ လေ...
မှတ်ကရော...
tg.nwai said…
ပေါက် >> ချန်းလေးက လိမ္မာလို့ထင်တယ်နော်..။ ဒီမေမေက သည်လောက်ချစ်နေတာပဲ..ပေါက် မဆိုးပါဘူး။ ချန်း လိမ္မာတာပါ..ဟဲဟဲ..

မီယာ >> အခုခေတ်က အရုပ်တွေက ပေါများလာတော့ တွေ့သမျှ အကုန်လိုချင်နေတာပါပဲ.. စတစ်ကာလောက်ကတော့ သူတို့ ဘာသာ သူတို့ ၀ယ်နေကြတာ ဆိုတော့ မတိုးဘူး မီယာရဲ့။ ကလေးငယ်တွေဆိုတော့ အရုပ်ဖြစ်ရင် ပြီးရောမို့..တော်သေးတယ်..:)။ လူကြီးတွေကလည်း သူတို့ အသုံးတည့်မယ့် educational toys လေးတွေကို ပိုဦးစားပေးဖြစ်ပါတယ်။

မနော်ရေ...ဘလော့ဂ်ဖတ်ဖို့ အချိန်လေးပေးပြီး ၀င်လည်ဖြစ်ပါတယ်..မနော် သားလေးက tablet တွေတောင် သောက်တတ်နေပြီကိုး။ သားငယ်က အရင်ကသောက်နေကျ..တခါ လည်ပင်းမှာ နင်သွားလို့ မသောက်တော့ပြန်ဘူး.. အမှုန့်ပြန်ကြိတ်နေရတယ်..:(

မမရေ...တကယ်တမ်းကျတော့ အဆောင်အကြောင်းပဲ ရှိသေးတာ..ကျောင်းအကြောင်းတောင် မရောက်သေး..အဟေးဟေး။

ရိန်းလေး>> အရုပ်လိုချင်တာလား...ဟဲဟဲ.ဘူးလေးတွေ လိုချင်တာလား။

သီတာရေ>> နေမကောင်းဖြစ်နေတဲ့
ကလေးတွေပေါ် ပုံချလို့ မရတော့ သိတယ်မဟုတ်လား။ အကြမ်းပညာတွေကို..ဟဲဟဲ

သက်ဝေ>> ခေါင်းကိုက်သက်သာသွားပြီဆိုလို့ တော်သေးရဲ့နော်..။ ဟဲဟဲ..သက်ဝေလည်း ကိုကိုဒေါက်တာရဲ့ ကလေးပဲ နေမှာပေါ့။ ဆေးမသောက်ချင်လို့ ဂျီးများနေတာလေ..ကိုကိုက မုန့်မုန့်ကျွေးပြီး တိုက်မှ ရမှာပေါ့နော့..။
Anonymous said…
အဟိ.. ရုပ်ရုပ်ကြီး ၁ဝ ခုတောင်..
သားသားကိုကျ ဝယ်မပေးဘူး အန်တီtgက..း(
တားယဲ ၀င်ပူဆာတယ် ၀ယ်ပေး ၀ယ်ပေးး)
Taungoo said…
ကျွန်တော့်ညီမလေး ရေကျောက်ပေါက်တယ်ဆိုတုန်းကလည်း ကျွန်တော့်မှာ ဒီကနေ စိတ်တွေပူလိုက်ရတာ။ သူကလည်း သိပ်လှချင်တဲ့ကလေးမ။ အလှပျက်သွားမှာ အရမ်းစိုးရိမ်ခဲ့တာ။ ရန်ကုန်ပြန်တော့ လေဆိပ်က အထွက်မှာ ကျွန်တော့်ညီမလေးရဲ့ မျက်နှာလေးကို အကောင်းပကတိလေး လှနေတာ မြင်လိုက်တော့မှ စိတ်ချမ်းသာသွားတယ်။
အခု အမရဲ့ သမီးကလေး ဖြစ်တာဆိုတော့ အမအတော်ကို စိတ်ပူပန်နေရမှာပဲဆိုတာ အသေချာပါပဲ။ အမသမီးလေး အမြန်ဆုံး အကောင်းပကတိ လှပသက်သာ ပျောက်ကင်းပါစေ။
Nu Thwe said…
ရေကျောက်က အနာဖေးလေးတွေ ကွာကျတဲ့အချိန်မှာ ကူးတတ်တယ်လို့ မှတ်မိသလိုပဲ။ တခြားနှစ်ယောက် မဖြစ်ဖူးသေးရင် ပိုသတိထားလိုက်ပါ။ သိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့နော်။
သမီးလေး ရေကျောက်ပေါက်နေတာလား ၇ရက်ဆိုကောင်းပြီ ခုဆိုကောင်းရောပေါ့။ ငါကလွန်ခဲ့တဲ့လေးနှစ်လောက်ကမှပေါက်လို့ပြီးသွားတာ။ ကလေးတွေကငါ့ဆီကကူးပြီး ပြီးသွားတယ်။ ဟဲဟဲ
Unknown said…
ကလေးဆိုတာ ပန်းကလေးတွေလိုပဲတဲ့။
နူးညံညင်သာစွာကိုင်တွယ်ပါလေ။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...