Skip to main content

ပြဿနာ တခု အရင်းပြုလို့...

အင်း.. ပြဿနာများကတော့ နေရင်းထိုင်ရင်းကို ၀င်လာတတ်တာပဲကိုး... 

ရုံးက ဘတ်စ်ကားဂိတ်နားမှာရှိတော့ ကားတွေအမောင်းကြမ်းလို့  ကလေးတွေကို အမြဲ ကရုစိုက်နေခဲ့ရတာ... 

ခုနလေးတင် ကားတိုက်သံကြားလို့  လမ်းဖြတ်ကူးတဲ့  လူတွေ ဘာတွေများ ဘာဖြစ်ပါလိမ့် ထွက်ကြည့်မိတော့  ရုံးရှေ့မှာ ရပ်ထားတဲ့ ကျမတို့ ကားလေးက တခြမ်းပိန်... ။ သူ့ကို နမ်းနေတဲ့ကားက ရုံးကို ဆန်လာပို့တဲ့ ကား...။ 

ဖြစ်ပုံကတော့ ဘတ်စ်ကားမှတ်တိုင်ကို ၀င်လာတဲ့ ၅၁ ကားကြီး က လမ်းဘေးမှာ ရပ်ရင်း ဆန်အတင်အချလုပ်နေတဲ့ ကားကို ၀င်တိုက်သွားတာပါ...။ အဲဒီဆန်ကားက ကျမတို့ ကားကို  ကားကြီးတိုက်တဲ့ အရှိန်ရယ်.. သူ့ကားပေါ်မှာ တင်ထားတဲ့ ဆန်အိတ်အလေးချိန်တွေရယ် ပေါင်းပြီး ၀င်ဆောင့်လိုက်တာ ကျမတို့  ကားက အထိအနာဆုံး... :(

 ဘာပဲဖြစ်ဖြစ် လူတွေ အထိအခိုက်မရှိလို့ တော်ပါသေးရဲ့။ လမ်းသွားလမ်းလာတွေ အဲဒီကြားထဲ ရောက်မလာတာလည်း ကံကောင်းလို့နော်..။ ကိုယ်တွေများ အပြင်ထွက်ဖို့ ကားပေါ်အတက်ဆိုရင်လည်း.. အဲဒီနေရာက ကျမထိုင်တဲ့ နေရာတည့်တည့်။ အဲဒီလိုင်းကားတွေကလည်း အရမ်းအရမ်းကို မောင်းတာ.. ကြီးနိုင်ငယ်ညှင်းဆိုတာ  လူတွေသာမဟုတ်ဘူး ကားတွေလည်း အဲဒီလိုပါပဲ...အင်း.. ဒါကလည်း ကားကိုထိန်းချုပ်နေတာက လူ ဖြစ်နေတာကိုးနော်..။ 

အခုတော့ ကားကို ဘော်ဒီရုံပို့လိုက်ရပြီ... အခုတလော ကံမကောင်းဘူး... သူကလည်း အိပ်မက်တွေ မကောင်းဘူး ပြောနေသေးတယ်....မေ့နေတာ ကြာတဲ့ ဘုရားတရားဘက်လည်း ပြန်လှည့်ဦးမှပါ.. ဘုရား ဘုရား.. (ခလုတ်ထိမှ အမိတ စကားပုံကို သတိမရ ရာ)

ကျမလည်း ငါဟဲ့  ဘလော့ဂါဆိုပြီး သူတို့တွေ ရှုပ်နေတုန်း လက်ကိုင်ကင်မရာဖုန်းလေးနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်လိုက်သေး။ သုံးနေကျ Olympus digital camera လေးကတော့ အနားယူသွားရှာပြီ။ လောလောဆယ် ဒီဖုန်းကင်မရာလေးပဲ သုံးနေရတယ်.. အဲ... bluetooth နဲ့ စက်ထဲပို့တော့ သူလည်း ဆန္ဒပြနေလို့ ပုံတင်လို့ မရလိုက်ဘူး....။ အင်း.. အမျိုးသားကတော့ ပြောနေတော့မှာပဲ... ကားတိုက်ခံရတာထက် ပို့စ်အသစ်တင်ဖို့  စိတ်ရောက်နေလို့... ဒါလည်း ရောဂါပဲနော်..။

Comments

MANORHARY said…
အမှန်က ရန်ကုန်သတင်းလေးကို ပုံလေးနဲ့ဖတ်ရမှာ
ခုတော့ အဲဒိ သွားအပြာရောင်တော့လား ဟင်း
အဝါရောင်သာပြောင်းပစ်လိုက်တော့ မသိဂီ င်္း)း)
ဇနိ said…
အမသိင်္ဂီရေ လူတွေ ဘာမှမဖြစ်တာ ကံကောင်းသေးတယ်နော်။ ရန်ကုန်က ကားတွေကလည်း ရှုပ်နေတာပဲ။ သတိထားမှ။ အခုတလော နိနိလည်း အဆုံးအရှုံးတွေများလို့ စိတ်ပင်ပန်းတယ် အမရယ်။ ဒါပေမယ့် ကျန်းမာရေးထက် ဘာကမှ အရေးမကြီးဘူးလို့ ကိုယ့်ဟာကိုယ် ပြန်တွေးတော့ စိတ်သက်သာရာရတယ်။ အစောလေးကပဲ ဘုရားကို အကြာကြီးရှိခိုးလာတာ။
မဇနိ
PAUK said…
တော်သေးတာပေါ့..မသိင်္ဂီရေ..
ကားပဲထိလို့
ကျနော်လဲ မသိင်္ဂီတို့လိုပဲ..
ပြဿနာတွေ့မှ ဘုရားစာဖတ်တာ..ဟိ
သက်ဝေ said…
ဟောတော့..
နေရင်းထိုင်ရင်း အချောင်ထိသွားတာပါလား...
ဘာပဲဖြစ်ဖြစ် ဒီလောက်နဲ့ပြီးသွားတာ ကောင်းတယ် လို့သာ သဘောထားလိုက်ပါလေ...
စိတ်ချမ်းသာပါစေ...
Moe Cho Thinn said…
အဆိုးတွေ ကုန်သွားပြီလို့ သဘောထားလိုက် မမရေ။
အရေးအကြီးဆုံးက လူပါပဲ။ လူ ကျန်းကျန်းမာမာ ရှိနေတာကိုက စိတ်ချမ်းသာစရာပါပဲ။
နိနိလေးလဲ ဘာများ အဆင်မပြေသလဲ မသိ။ သွားအားပေးအုံးမှ။
မီယာ said…
မသိင်္ဂီရေ လူမထိတာ တော်သေးတာပေါ့ လို့ စိတ်ဖြေပါ။ ပစ္စည်းက ပြန်ဝယ်လို့ရပါတယ်။ တခုခုဆို ပို့စ်အသစ် တင်ချင်လို့ လုပ်တာ ဆိုပြီး မီယာလည်း အမြဲ ပြောခံရတယ်။ အခုကစပြီး အားလုံး အဆင်ပြေ ကောင်းသွားပြီလို့သာ မှတ်လိုက်ပါ အမရေ...
တော်သေးတာပေါ့အမရယ်
ကံကောင်းလို့ လူရှိမနေတယ်
ဘတ်စ်ကားကြီးတွေ ကြမ်းပုံ ရမ်းပုံကတော့ စိုးရိမ်စရာပဲနော်
အိပ်မက်တွေလည်းမကောင်းဘူးဆိုတော့ ဂရုစိုက်ပါနော်
ပျော်ရွှင်ပါစေး)
တော်သေးတာပေါ့။
ကားပဲ ထိသွားတာ။
မသိင်္ဂိရဲ့ ငါဟဲ့ ဘလော်ဂါ ဆိုတာ ကြားလိုက်ရတာ ကြက်သီးထချင်စရာ။
တူနေပြီ။ ဘာဖြစ်ဖြစ် ဓာတ်ပုံလေးရိုက်လိုက်ရမှ။
ပို့စ် တင်တာ မတင်တာ နောက်မှ။
အိုးဟိုး ဒီ post ရဲ့တန်ဖိုးတော်တော်ကြီးတာပဲ။
အဲလိုကုန်ကြမ်းမျိုးမရှာနဲ့လေ KN မွဲလိမ့်မယ်။ :)
မ ရေ… မနှစ်က ကျွန်မအမျိုးသားလဲ အဲဒီလို ဖြစ်ဖူးတယ်…
သူများနှစ်စင်း သူ့ ကို တိုက်တာလေ… အဲဒီတုန်းက သူ့ လည်ပင်းကြောတောင် ညှပ်သွားသေးတယ်…
ကားထဲမှာ ဘယ်သူမှ မပါတာ အရမ်းကံကောင်းပါတယ် မ ရယ်…
အဆိုးတွေ ကုန်ပြီလို့ မှတ်လိုက်တော့နော်…
အပေါ်မှာ ဖတ်ပြီး စိတ်မကောင်းဖြစ်နေတုန်း ပို့ စ်အသစ်တင်ဖို့  စဉ်းစားနေတဲ့ အကြောင်းရောက်တော့ ခွိကနဲ ရယ်မိတယ်…
အဆင်ပြေပါစေ မ ရေ…
မမtg ရေ..
လူတွေ ဘာမှ အထိအခိုက်မရှိတာ တော်သေးတာပေါ့ခင်ဗျာ..

အဆိုးတွေ အညံ့တွေ အဲလောက်နဲ့ပြီးသွားပါပြီ..

မမtg တို့ တစ်မိသားစုလုံး စိတ်အေးချမ်းသာ အဆင်ပြေပါစေခင်ဗျာ..
Steve Evergreen said…
first visit from Pauk's blog.

sorry to hear that.

will visit again
ဟယ် အစ်မရယ်
တော်သေးလို့ပေါ့ ဘုရားမတာပဲ..သတိထားဦးနော် အစ်မ..

ကားတိုက်ခံရတာထက် ပို့စ်အသစ်တင်ဖို့ စိတ်ရောက်နေလို့... ဒါလည်း ရောဂါပဲနော်..။

အဲ့တာလေး ဖတ်ပြီး ပြုံးသွားတယ်
း-ဝ

ထီထိုးကြည့်ပါလားဟင်

ကျမ အသိဆိုရင် အိမ်ထဲ ကားဝင်တိုက်ခံ ရပြီးကထဲက ချမ်းသာသွားလိုက်တာ...
း-ဝ

ထီထိုးကြည့်ပါလားဟင်

ကျမ အသိဆိုရင် အိမ်ထဲ ကားဝင်တိုက်ခံ ရပြီးကထဲက ချမ်းသာသွားလိုက်တာ...
khin oo may said…
ဘလော့ဂါအစစ်ကြီးအား လေးစားပါသည်။
khin oo may said…
ကားကြီးအတွက် စိတ်မကောင့်း့heart ထိသွားသည်။