Skip to main content

?????????? ပို့စ် ကို ဘာသာပြန်ခြင်း..

ယခုတလော ကွန်နက်ရှင်တော်တော်ဆိုးနေပါသည်။
တနေရာမှ တနေရာကို သွားရဖို့အရေး နှိပ်လိုက်ရတဲ့ click တွေ။ Network
error ဆိုရင်တော့ သုံးကြိမ်လောက် ကြိုးစားလိုက်ရင် ရောက်သွားနိုင်သေးသည်။
Access Denied ဆိုရင်တော့ နောက်ပြန်လှည့်ဖို့သာ..( တိုးတိုးတိတ်တိတ်နဲ့
ကျော်ခွသွားရတော့ ကြာမြင့်သည့် အချိန်တွေက ...)
--

အရင်ကတော့ Ultrasurf လေးရနေသေးတော့ အေးအေးဆေးဆေး ပို့စ်တင်လို့ရနေသေး။
ခုကျတော့ ရေးပြီးကာမှ ပျောက်သွားရတာ နှစ်ခါ သုံးခါမကတော့..။

တန်ခူး တက်ဂ်ထားတဲ့ အနှစ်နှစ်ဆယ် ပို့စ်လည်း လူကိုယ်တိုင်
နောက်အနှစ်နှစ်ဆယ်ကြာမှ လာပို့ဖြစ်တော့မည် ထင်သည်။

ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ... တလွဲဆံပင်ကောင်း..မဟုတ်တဲ့နေရာ
အားထုတ်နေကြတဲ့သူတွေ.... နောက်ဆို ဒေါသထွက်တိုင်း မေတ္တာနာနာ
(ဒေါသပါနေပေမယ့်) ပို့တော့ရန်သာ စိတ်ကူးထားပါသည်။

ချစ်တဲ့သူများလည်း ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ....
မုန်းတဲ့သူတွေလည်း သူ့တရားနဲ့ သူ၊ သူ့ကံအတိုင်းသာ ရှိပါစေ...:)


(ပို့စ်ကလည်း မတင်ဖြစ်လို့ ဘလော့ဂ်လေးလည်း ဖုံတွေ တက်နေလို့...
ရတဲ့နေရာကနေ တင်တော့လည်း သူများတွေ မဖတ်မိအောင် နားမလည်အောင်
စကားဝှက်တွေနဲ့ တင်ထားသလိုလို..
အခုဆို တက်သွားတဲ့ ပို့စ်ကို လောလောဆယ် ပြန်ဖျက်မရသေးတော့ မေးလ်ကနေ
တခါ ဘာသာပြန်ပို့စ်အဖြစ်ပြန်တင်လိုက်ခြင်းပါ...ကျေးဇူးတင်ပါသည်..ဟဲဟဲ)


tg.nwai@gmail.com

Comments

KLNG said…
အော်လူဖြစ်ရတဲ့ဒုက္ခ
မြန်မာပြည် မေ့သွားလို့ဆောရီး(ဟိ)
PAUK said…
သြော်...
ဒါ့ကြောင့်ကိုးးးး..
မိုးရွာရင် မိုးရေချိုးမယ်..
MANORHARY said…
မျှော်နေတာ
ပို့စ်လည်းမတင်
သိပ်လည်းမတွေ့ဖြစ်ကြလို့
....
ဆုံနိုင်ခွင့်လေး တမ်းတမိတယ်
ဘယ်တော့လဲ....
.........
သီချင်းဆိုသွားတယ်။း)
စာတွေဖတ်လို့မရဘူး အတုံးလေးတွေမြင်ရတယ် :(
မီယာ said…
ကျော်လို့ရတာပဲ တော်သေးတယ် အမရေ။ တလွဲဆံပင် ကောင်းတာတော့ မုန်းစရာကြီး။ အမြဲတမ်း သတိရနေတယ်။
This comment has been removed by the author.
မမtg ရေ

မေတ္တာနာနာပို့တာ ကောင်းပါ့
နို့မို့ဆို ကိုယ့်ပါပူလောင်တယ်


အစ်မတို့ တစ်မိသားစုလုံး စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်
Moe Cho Thinn said…
မဟုတ်တဲ့နေရာ တလွဲဆံပင်ကောင်းနေသူများ !@#$%^&**&^^%^$^&*????????

Access Denied ဖြစ်သွားလို့ ကွိကျိကွကျ ပေါ်သွားရတာ ခွင့်လွှတ်ပါ။