Skip to main content

ကမ္ဘာပျက်တော့မယ်ဆိုပါတော့....

ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။  အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ  ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်...  ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး... 


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို  စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ  ဖတ်ပြမယ်..  သူတို့နဲ့  အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်..  အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့  ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။


(၂)။ဘာတွေခံစားနေရမလဲ..
ဒီအတိုင်းလည်း သေခြင်းတရားက တနေ့ကြုံရမှာပဲ...ကြိုပြီးတောင် သိဖို့မလွယ်ကူတဲ့ကိစ္စ၊ အခုလို ကြိုသိရမယ်ဆိုတော့ သေခြင်းဆိုတာဘယ်လိုပါလိမ့်ဆိုပြီး သိချင်စိတ်တခုတော့ ရှိမယ်ထင်တယ်....အကုန်လုံးသွားကြမယ့်ခရီးဆိုတော့ အတင်း  တွယ်ကပ်နေချင်စိတ်လည်း ရှိမနေနိုင်သလို နောက်ဆံလည်း တင်းမနေတော့ဘူးပေါ့...။

(၃).ဘာတွေပြင်ဆင်ထားမလဲ
မသေခင်အချိန်ကလေးမှာတော့ ကလေးတွေအတွက် စားနပ်ရိက္ခာ  အပြည့်အစုံ စုဆောင်းထားမယ်... ပိုက်ဆံဆိုတာကလည်း  ကမ္ဘာကြီး  ပျက်သွားတဲ့နောက်တော့ သုံးမရတော့မယ့် အတူတူ  ရှိသမျှတွေနဲ့ လိုအပ်တာတွေအကုန်ဝယ်ပြီး  လိုအပ်နေတဲ့သူတွေနဲ့အတူ မျှဝေကြမယ်လေ..ကြောက်နေတဲ့သူတွေကိုလည်း နှစ်သိမ့်ရင်းပေါ့....
New Year ကို  စောင့်ကြိုသလို အွန်လိုင်းက သူငယ်ချင်းတွေနဲ့ အတူတူ အချိန်တွေကို ရေတွက်နေမယ်...။
မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေမှာ  " အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်၊ သိခဲ့ခင်ခဲ့ရတာတွေအတွက် ကျေးဇူး၊ နောက်ဘ၀ လန်းဆန်းသစ်လွင်နေတဲ့ တို့မြန်မာပြည်ကြီးမှာ ကကြီးခခွေး စာအံရင်း ပြန်ဆုံကြတာပေါ့... အဲဒီအခါကျ ကျောက်သင်ပုန်းပေါ်မှာ ပို့စ်ကိုယ်စီရေးပြီး လဲဖတ်ကြမယ်နော်..”လို့ လိုက်ရေးရမယ်။  ပြီးရင်တော့ ငြိမ်သက်စွာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားမယ်..

(၄)ဝမ်းနည်းမိမှာက
အော်.... ဘလော့ဂ်လုပ်ရင်း ခင်လာကြတဲ့ မောင်နှမတွေကို  လူချင်းမတွေ့လိုက်ရပါလား...

(၅)။ကြောက်လန့်မိတာက..
ကြောက်လန့်နေမှာကိုပဲ ကြောက်လန့်မိပါတယ်...။



(၆)။ဆောင်ထားချင်တာ..
 “ သတိ ” ဆိုတဲ့ သိနေတဲ့ စိတ်လေး...  သိသိကြီးနဲ့ပဲ သေမင်းကို ရင်ဆိုင်သွားချင်တယ်..

(၇)။ဘာတွေရေးမိမလဲ..
လူဖြစ်ခဲ့ခြင်းကို ကျေးဇူးတင်တဲ့  အကြောင်းလေးတွေနဲ့ နောက်ဆုံးအချိန်အကြောင်းတော့ ဘလော့ဂ်ပေါ်  တင်ခဲ့ချင်သား၊  မပြောနိုင်ဘူးလေ.. တာဝတိံသာလောက်ကတော့  အင်တာနက် access ရကောင်းပါရဲ့။

(ဂ)။တွေးမိတွေးရာ အတွေး
မတွေးကောင်း တွေးကောင်း..အကုန်လုံးထဲမှာ ငါတယောက်တည်း ရှင်ကျန်ရစ်ခဲ့ရင်တော့...မဖြစ်ဘူးနော်....လုံးဝ....:( 

(၉)။ဂုဏ်ယူချင်တာက
မြန်မာပြည်သား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခွင့်ရတာ....ဂုဏ်ယူပါတယ်ကွာ.. အို..နောက်ဆုံးမတော့....(အဲဒီအချိန်မှာတော မီးပျက် ခြင်ကိုက် ကြွက်ပေါ ပင်ပန်းဆင်းရဲ ပေါင်းစားတောင်းစားရောင်းစားတဲ့ ချိန်ခွင်တဖက်စောင်းနင်း အစိမ်းရောင်တွေ အလေးသာတဲ့ နေရာရယ်လို့တော့ စိတ်ထဲရှိနေတော့မယ် မထင်)


(၁၀)။ရှာကြံဖြေသိမ့်မိတာက
ဂျစ်ကန်ကန်၊ ပေတေတေ  ကတ်သီးကတ်သပ်ညစ်တီးညစ်ပတ် စိတ်ကလေးတွေ တခါတလေ ထိန်းမနိုင် သိမ်းမရ  သောင်းကျန်းချင်တဲ့ အချိန်ကလေးတွေ  နဲနဲများများ ရှိခဲ့တာကလွဲရင် ငါ သိပ်မဆိုးခဲ့ပါဘူးလေ....ဟဲဟဲ ဟဲဟဲ

(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း 
အော်.. ငါသည်  ဘဒ္ဒကမ္ဘာတွင်  မြန်မာပြည်က လူသားစင်စစ် ဧကန်ဖြစ်ခဲ့လေသည်တကား... 

ကမ္ဘာပျက်တဲ့အချိန်မှာတောင် သတိရတဲ့ အစ်ကိုအောင်သာငယ်နဲ့ သူငယ်ချင်း သက်ဝေတို့ကို  အထူး  ကျေးဇူးတင်ရှိကြောင်းပါ..:)

Comments

Anonymous said…
လက်တွေ့ကျတဲ့ အတွေးတွေကို သဘောကျသွားပါတယ် အမ။
မသင်္ဂီ ရေ..စိတ်ပြေလက်ပျောက် blogလေး လုပ်ပါတယ်
ဘယ်သွားသွား ကမ္ဘာပျက်နေလို့..အိမ်လည်တောင်..
မထွက်ချင်ဘူး..ကိုလူထွေး..blog သွားကြည့်ပါဦး
Sonata Cantata said…
This comment has been removed by the author.
Sonata Cantata said…
ဟိုကလေးမ ပေကပ်ကပ်နဲ့
ဘာမှတ်နေလဲ တယောက်ထဲ ကျန်ခဲ့မယ်
(စိတ်မရှိပါနဲ့။
တနယ်ထဲသားတွေ အကြောင်းသိတယ်မလား။
ဖိန့်လုံး ဟောက်လုံးတွေ အကျင့်ပါနေလို့ပါ။)
MANORHARY said…
မသိဂီ င်္
ကလေးတွေနဲ့အတူ ပုံလာနားထောင်မယ်
ဂိမ်းလာကစားမယ်
နော်
ခေါ်မလား
Anonymous said…
တီနော်တို့ ကဗျာစပ်တဲ့အထဲ သားလည်းပါချင်ပါတယ်.. ဒါမယ့် ကြောက်နေတော့ ကြောက်နေတဲ့စကားလုံးတွေနဲ့ သူတို့ကဗျာလေးတွေကို မဖျက်ဆီးချင်ဘူး

ဒီတော့ သားလည်း တီtgတို့ဆီပဲ ပုံပြင်လာနားထောင်ရင်း ညီလေး၊ ညီမလေးတွေနဲ့ တူတူလာဆော့မယ်..
သားညီလေးနဲ့ ညီမလေးလည်း ခေါ်လာမယ်
ပြီးတော့
တီနဲ့ မာမီက သားတို့ကိုကြည့်ပြီး စကားတွေပြောနေကျပေါ့.. နော်..
ကောင်းဘူးလား ဒီအကြံ..း)
မီယာ said…
ဟုတ်ပါ့ မသိင်္ဂီရေ မီယာလည်း အင်တာနက် မရှိတာနဲ့ ကမ္ဘာပျက်မှာတောင် မသိလိုက်ဘူး... အမရဲ့ ဒီပို့စ်ကို မိဘမေတ္တာကို ခံစားရတယ်။ ကလေးတွေ အတွက် အကွက်စေ့အောင် စဉ်းစားသေးတာနော်... ကမ္ဘာ မပျက်ခင်တော့ ရအောင် ဆုံကြရအောင်ပါ အမရယ် နော်
သက်ဝေ said…
တကယ်ဆို အဲဒီအချိန်တလလောက်အလိုမှာ ကိုယ့်မြေ ကိုယ့်ရေကို ပြန်ရောက်နေမှာ သေချာပါတယ်..
အဲ့ကျတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ပြန်ဆုံကြတာပေါ့နော်...
သီတာတို့ သင်းနွယ်ဇင်တို့ အပါအဝင် ကျန်တဲ့သူတွေလဲ ခေါ်လာခဲ့မယ်...။ စားစရာတွေ များများသာ ဝယ်ထားပါ သူငယ်ချင်းရေ... :D

ရေးပေးတာ ကျေးဇူးနော်... :D
ATN said…
ရေးပေးတာ ကျေးဇူးပါ မသိင်္ဂီရေ့...
အမှန်တော့ ဘုရားလေးတရားလေး လုပ်ကြရမှာပါ...


အဲဒါက စဉ်းစားကြည့်ရင် ပိုကြောက်ဖို့ ကောင်းတယ်နော....း)
တို့သူငယ်ချင်းတွေများ ဘယ်လောက်ချစ်ကျလဲနော် ကမ္ဘာပျက်ခါနီးတောင် ပျော်ပျော်ပါးပါးအိမ်လည်ကောင်းတုံး..း)
ဟိဟိ… ဖတ်လို့ ကောင်းတယ်… သိပ်ကြောက်စရာမကောင်းဘူး… ဒီမှာကြောက်လွန်းလို့  ဒူးတွေတုန်နေတာ မ ရဲ့… မ ရေ… ဒီတက်ဂ်ပြီးတော့ တန်ခူးတက်ဂ်တဲ့ တက်ဂ်လေးကို ရေးပေးပါဦးနော်… ချစ်ရင်လေ
Welcome said…
တဂ်ပို့စ်လေး အားပေးသွားပါတယ်။ ၂၀၁၂ ကြည့်ပြီး ဒါအမှန်ပဲလားဆိုတာ ဇဝေဇ၀ါ ဖြစ်မိပါတယ်။ လတ်တလော အခြေအနေကတော့ အကောင်းဆုံးလို့ပဲ မြင်မိပါတယ်။

လေးစားခင်မင်လျက်နဲ့
Moe Cho Thinn said…
မမ
သတိရလို့..
ကမ္ဘာမပျက်ခင် လာလည်သွားတယ်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။