Skip to main content

သူတို့စကားနဲ့ သူတို့ အကြောင်း....

ဒီက ယူထားတာပါ။

ဒီက ယူထားတာပါ။
လူတယောက်နဲ့ တယောက် အကျင့်စရိုက်ချင်း မတူနိုင်တာကို ကျမ ကိုယ့်ကလေးတွေကို ပြန်ကြည့်ရင်း ပိုနားလည်လာမိပါတယ်။ 

ဒီမိဘကပဲ မွေးပြီး ဒီအသိုက်အမြုံလေးထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေပေမယ့် တယောက်နဲ့ တယောက် အမူအကျင့်က တော်တော်မတူကြတာပါ။

သားကြီးက တခုခုလိုချင်လို့ ပူဆာရင် ဘယ်လောက်အရေးပါကြောင်း သိုင်းဝိုင်းပြီး ပြောချင်ပြောမယ်.. ဒါမှမဟုတ်.. သူလိုချင်တာကိုပဲ ထပ်ခါထပ်ခါ နားညည်းလောက်အောင် ဘာကိုမှ ဂရုမစိုက်ပဲ တအီအီ  ပြောနေတတ်ပေမယ့် သမီးငယ်ကတော့ လူကို ကြည့်ပြီး သူ့ရဲ့ ဗျူဟာကို ပြောင်းတတ်သူ။  သူ့ကို လက်ချာတွေပေးတတ်တဲ့ အမေ့ကိုဆို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီးမှ အပူအအေးခ ျက်ချင်း ပြောင်းလဲတတ်သလို အဖေ့ကိုကျပြန်တော့ မရမချင်း အနားကပ်ကာ ပူဆာနေတတ်ပြန်ရော။ အဲ...အလတ်ဖြစ်သူ သားငယ်ကျတော့ သိပ်မပြော၊ သူလိုချင်တာ မရရင် မျက်ရည်တွေဝဲ.. အသံမထွက်ပဲ တိတ်တိတ်လေးကြေကွဲကာ ဆန္ဒပြရင်း မိဘတွေ စိတ်မကောင်းဖြစ်ပြီး ဝယ်ပေးဖြစ်အောင် ပူဆာတတ်တာ....။ 

ညနေကလည်း ကားပေါ်မှာ မောင်နှမ သုံးယောက် စကားပြောတာနားထောင်ရင်း ရယ်ရပြန်ပါသေးတယ်။ သမီးက သူ့အကိုငယ် ကျက်နေတဲ့ အလီတွေကို လိုက်ကျက်ရင်း အလီတချို့ ရနေတာကို အကိုကြီးက ချီးမွမ်းခန်းဖွင့်တယ်ပေါ့။ 
“ မီးမီးက ဒီလို စာတွေ ရနေတော့ မီးမီး တီချာက အံ့သြသွားမှာပဲ.. ဘယ်သူ့... အဲ.. ညီမလေးပါလိမ့်.. ဆိုပြီတော့...”

သမီးငယ်က သူ့အကြောင်း အကောင်းပြောမှန်းသိတော့ တဟဲဟဲနဲ့ သဘောကျနေတုန်း ဉာဏ်ကြီးရှင် ကိုရွှေရဲရဲတောက်က ဝင်ပြောလိုက်တဲ့ စကားကြောင့် သားကြီးလည်း ဘာဆက်ပြောရမှန်း မသိပဲ ပါးစပ်ပိတ်သွားရပါတယ်။ 

“ တီချာက သိပါတယ်။ ဘယ်သူ့ ညီမလေးလဲဆိုတာ.. ဟိုတနေ့ကတောင် တီချာက မီးမီး ကို take your brother's basket လို့ ပြောပြီး ရဲတောက် basket ကို လှမ်းပေးလိုက်သေးတယ်...” တဲ့။

ဟုတ်သားပဲ...ရဲရဲတောက်ရဲ့ ညီမလေးမှန်း တီချာတွေက သိနေကြတာပဲဟာကိုး...။ 

အင်းလေ...ဒါလေးတွေကလည်း ဓားသွားထက်က ပျားရည်စက်တွေ.. ဘဝအမောထဲက အိုအေစစ်လေးတွေပေါ့။

Comments

Moe Cho Thinn said…
ဒါမှ ရဲရဲတောက် ကွ..

(မမတော့ ဒါလေးတွေကပဲ ကြည်နူးစရာ ဖြစ်နေပြီ)
khin oo may said…
အို..ကြားရုံနဲ့ဘဲ နားအရသာခံသွားတယ်။
မောင်နှမတွေ....ငယ်ငယ်ကတော့ ပျော်စရာပဲ..
အချိန်တွေက ချက်ချင်းကုန်လွယ်သလို ..
တနေရာဆီ ပျံသန်းသွားကြတာလဲ.ချက်ချင်းပဲ...
PAUK said…
မောင်နှမတွေတွေနဲ့ ကြီးပြင်းရတာ ပိုပျော်စရာကောင်းပါတယ်..။
တစ်ဦးတည်းသော သားသမီးတွေကျ
ပျင်းဖို့ကောင်းတယ်..။
ချစ်စရာလေးတွေ။
အဲလိုနဲ့ပဲ ဘဝအမောကိုဖြေနေရတာနော့။
Anonymous said…
ကလေးတွေရဲ့ ညဏ်တွေကို သဘောကျပါတယ်၊

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...