Skip to main content

သတိရလို့ ရေးဖြစ်သွားတဲ့ စာ။

ဘလော့ဂ်မှာ စာမရေးဖြစ်တာ... စာတွေ မတင်ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီပဲ...။ အသစ်မရေးနိုင်တဲ့ ကိုယ့် ဘလော့ဂ်လေးကို သွားသွားကြည့်ရတာလည်း အားနာလှတယ်...။ ရေးမယ် ရေးမယ်လို့ အားခဲပြီး မရေးဖြစ်ခဲ့တာတွေကြောင့် ဒီနေရာလေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားတောင် စဉ်းစားမိရဲ့။ ဒါပေမယ့် သံယောဇဉ်ကြီးတတ်တဲ့ ကျမအတွက်တော့ ဒီကိစ္စက အဲဒီလောက် ဘယ်လွယ်လိမ့်မလဲလေ...။ သူများတွေလို  အဆင့်အြမင့် အဖိုးတန်စာတွေ ဟုတ်မနေပေမယ့် သားသမီးတိုင်းဟာ မိဘတွေအတွက်တော့ ရတနာချည်းပါပဲ။ အဲဒါအပြင် မိတ်ဆွေတချို့ရဲ့ ပိတ်ထားတဲ့ တံခါး၀ ကနေ လှည့် လှည့်ပြန်လာရတဲ့ ခံစားမှုကြောင့်လည်း ကိုယ့်တံခါးလေးကို အမြဲဖွင့်ထားချင်ခဲ့တာပါ...။

စာတွေ သိပ်ရေးချင်ခဲ့တဲ့ အချိန်တချိန်ရှိခဲ့ပါတယ်... ၂၀၁၀ နိုဝင်ဘာလအတွင်းမှာ ကျမအတွက်တော့ အမှတ်တရ ရေးချင်စရာတွေ သိပ်များခဲ့တယ်လေ... မြန်မာပြည်အတွက် အပြောင်းအလဲတွေ များခဲ့တဲ့ လ ဆိုလည်း မမှားသလို ကျမအတွက်လည်း ဆယ်စုနှစ်အတွင်း သူငယ်ချင်းတွေနဲ့ အများဆုံးတွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေပေါ့။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံခဲ့ရသလို မိတ်ဆွေ အသစ်တွေလည်း အများကြီးတိုးခဲ့ပါတယ်။ ဘလော့ဂ်တွေကနေ စခဲ့တဲ့ ခင်မင်မှုတွေကနေ အပြင်မှာပါ စာရေးဆရာမ ချောချောလေးတယောက်နဲ့လည်း ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရသေးတာကိုး... ကော်ဖီလည်း တိုက်၊ စာအုပ်တွေပါ လက်ဆောင်ပေးလိုက်လို့ ရုပ်ချောရုံတင်မကဘူး သဘောလည်း အတော်ကောင်းပေးသားလို့  သဘောတွေ အခါခါ ကျခဲ့ရတာပေါ့.... 

ကျောင်းမှာတုန်းက မျက်မှန်းတန်းမိခဲ့ရုံသာရှိခဲ့ပြီး  ဘလော့ဂ်အသိုင်းအဝိုင်းထဲ ရောက်မှ ပိုရင်းနှီးလာတဲ့ သူငယ်ချင်း သက်ဝေကိုတော့  ရောက်တုန်းရောက်ခိုက် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့တာကိုတော့ စိတ်မကောင်းလှဘူး....

အဝင်အထွက် ခက်လှတဲ့ ဘလော့ဂ်တွေကို ခပ်ဝေးဝေးကနေ တချက် တချက် လှမ်းကြည့်ရင်းနဲ့ တဖြေးဖြေး ခပ်လှမ်းလှမ်း ရောက်သွားတဲ့ အချိန်မှာ သတင်းတွေရော ဝေမျှတာတွေပါ စုံလင်လှတဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာ မကြာခဏ နစ်မြုပ်နေခဲ့မိတာလည်း အမှန်ပါပဲ။ သူတို့ ဘာလုပ်နေကြသလဲ... သူတို့တွေ ဘာတွေ ပြောနေကြသလဲဆိုတာ နားထောင်ရင်း {လိုက်} တဲ့ အခါ လိုက်... မှီအောင် မလိုက်နိုင်တဲ့ အခါ ကျန်ခဲ့လိုက်ပေါ့။ အဲဒီလိုတော့လည်း မိတ်ဆွေတွေ အနား ကိုယ်နေခွင့်ရနေသေးတာပါပဲဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ပေါ်လိုက် မြုပ်လိုက်....။


ညနေကတော့ သတိရနေတယ်လို့ တိုးတိုးတိတ်တိတ်လာပြောတဲ့ အစ်မ မခင်မင်းဇော် ကြောင့် တော်တော်လေး သတိရသွားပါတယ်.... ဟုတ်တယ်... ကျမလည်း သတိရနေခဲ့တာပါ... မမခင်ဦးမေရဲ့ ဘလော့ဂ်က စီဘောက်စ်မှာ ဆုံခဲ့ကြဖူးတဲ့  ပေါက်စ်နဲ့ ခခ လေးကိုလည်း သတိရတယ်...  စီဘောက်စ်တွေမှာ အရုပ်လေးတွေနဲ့ ဆော့ခဲ့တာကိုလည်း သတိရတယ်... ဘလော့ဂ်လောကက ပျောက်သွားတဲ့ နိနိတို့ကိုလည်း သတိရတယ်.... လေနူအေးရဲ့ အေးချမ်းလှတဲ့ မေတ္တာရိပ်မြုံလေးကိုလည်း သတိရတယ်။ အမြဲသွားဖတ်ပြီး မန့်လို့ မရလို့ ဒီအတိုင်း ပြန်ပြန်လာခဲ့ရတဲ့ သက်ဝေရဲ့ အက်ဆေးလှလှလေးတွေကိုလည်း သတိရတယ်... အပြင်က ချစ်စရာ လေသံတွေကိုပါ ကြားယောင်မိရင်း  ဖတ်ရတဲ့ မသီတာနဲ့ အနည်းဆုံး သုံးခေါက်လောက်ဖတ်မှ နဲနဲ ရေးတေးတေးသိတဲ့  အဲ...မသီတာရဲ့  အိမ်ကလူကြီးတို့ လိုက်ဖက်ညီလှတဲ့ စာတွေကိုလည်း သတိရတယ်...ချယ်ရီပင်အောက်က မိုမိဂျီကိုလည်း သတိရတယ်...စာတွေ ဖတ်ပြီးတိုင်း ပိုပိုပြီး ချစ်လာရတဲ့ ချိုသင်းရဲ့ စာတွေကိုလည်း သတိရတယ်... ကေ နဲ့ ကိုကြီးကျောက်ဆီကိုတော့ ပေါက်ကရသုံးဆယ်တွေ သွားဖတ်ရင်း.. နေမကောင်းတဲ့ကြား ဝဲတွေပါပေါက်လို့ဆိုတော့ စိတ်မကောင်းဖြစ်ပြီး သွားကြည့်ဖြစ်သေးတယ်......။

လောလောဆယ်တော့ သတိရလို့ ရေးဖြစ်သွားတဲ့ စာလေး တပုဒ်ပေါ့.... တောင်စဉ်ရေမရ ကပေါက်တိ ကပေါက်ချာလည်း ဖြစ်ချင် ဖြစ်နေမှာပေါ့လေ.. ဒါပေမယ့် ... သတိရတယ် ဆိုကာမှ စံနစ်တကျ အစီအစဉ်တကျ သတိရခြင်းဆိုတာက... အင်း.. ထောက်ခံတာတွေ ကန့်ကွက်တာတွေ.. ပယ်တာတွေလည်း မလိုဘူး ထင်ပါရဲ့နော်....။ ဇာတ်တိုက်နေတာမှ မဟုတ်တာပဲလေ။

Comments

ဒို့ကလဲ အမြဲသတိရပါ့..မယ်သိင်္ဂီရယ်..
ညည်းကသာ ရေငုတ်နေတာ.. ဘလော့ထဲကို ပေါ်ကိုမလာဘူး.. စာရေးကောင်းတဲ့သူတယောက် ဘလော့ထဲက မပျောက်စေချင်တာ အမှန်။။
ThuHninSee said…
တို့ကိုသတိမရဘူး။ စိတ်ကောက်သွားပြီး ငိုပြီးပြန်သွားဘီ။
း(
tg.nwai said…
kom: ကောင်းတယ် ကောင်းတယ် ဘာဘဲဖြစ်ဖြစ် မင်းတမီး ပုံပြင်ထက်ကောင်းတယ။် တုံးတိကြီးဟုတ်ဘူး။
13 hours ago
kom: ဒီကလည်းတတိရနေတာပါနော်။
13 hours ago
kom: ဒို့ကိုတော့ခင်ဘူးပေါ့လေ.
13 hours ago
kom: ခြေဆောင့်
13 hours ago
kom: သူ့ပေါက်ဘဲ တနေတယ်။ ဒိက မြော့နေသူကိုတော့တတိရဘူးလား။
12 hours ago
tg.nwai said…
Pauk: မသိဂီ င်္ရေ..သတိရနေပါတယ်...။ဟိုနေ့ကလဲ ဘယ်မှာလဲ မသိတွေ့လိုက်တယ်..ဘီးဇီးနေမှာစိုးလို့နုတ်မဆက်လိုက်တာ
12 hours ago
Pauk: ဟယ်..မမက ဒီမှာလာပြီး..ဒေါပွပြနေတယ်တော့..ဟီးဟီး
သက်ဝေ said…
Malware ကြောင့် Link တွေ ပျောက်ကုန်လို့ မရောက်ဖြစ်တာ ကြာသွားတယ်... သတိရနေတယ်ဆိုလို့ ဝမ်းသာတဲ့ကြားက စိတ်မကောင်းဖြစ်သွားတယ်... ဒီတခါ မတွေ့လိုက်ရပေမယ့် နောက်တခါကျရင် တွေ့ဖြစ်အောင် တွေ့ကြမယ်လေ... နော်။
Sonata Cantata said…
တို့များကို ဘယ်သောအခါမဆို စိတ်ချမ်းသာစေတဲ့ သူငယ်ချင်း သိင်္ဂီ အတွက် ဘလော့ဂ်မှာ ပို့စ်တွေ ရေးဦးမှာ...း)
PAUK said…
တို့ကို သတိရတယ်ဆိုလို့..
ဝမ်းသာသွားတယ်..။
tg.nwai said…
ကိုကြီးကျောက်: မယ်သိင်္ဂီတို့ ပေါ်တော့လာသေးသနော်..ဈေးထဲတော့ တွေ့သား..စာမရေးဖြစ်တာက ဘာသဘောလဲ

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...