Skip to main content

Posts

Sophie's Choice

“စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အများကြီးရှိနေတယ်” ...

ခုချိန်ဟာ ဘဝမှာ အကြပ်တည်းဆုံး အပင်ပန်း အခက်ခဲဆုံးကာလကို ဖြတ်ကျော်နေကြရတဲ့ အချိန် ထင်ပါရဲ့.... သူများတွေရဲ့ အနာတရတွေဟာ ဆိုးဝါးလွန်းလို့ ကိုယ့်အနာကို ကြိတ်ခံရင်း စုတ်သပ်ရမှာတောင် အားနာလွန်းလှ.... ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးသာ ရှိတဲ့ ဒီလောကကြီးဟာ ပင်ပန်းစရာတွေချည်းပဲပါလား။ လောကီ နဲ့ လောကုတ္တရာ ပါးပါးလေးကြား နှလုံးမသွင်းနိုင်လို့ စိတ်တွေဟာ ချုံးချုံးကျ ပူလောင်လို့။ လူကြီးတွေဟာ ကောင်းကောင်းညာတတ်ကြတယ်။ သူတို့ ဘဝတသက်လုံး သင်ကြားမှတ်သားထားခဲ့တဲ့ သညာတွေအားကိုး၊ သံသရာအဆက်ဆက် စုဆောင်းခဲ့တဲ့ အကုသိုလ် ကလိမ်ကကျစ်တွေ အားကိုးနဲ့ ကောင်းကောင်းကို ညာတတ်ခဲ့ကြတာပဲ။ စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင်၊ သိက္ခာမဲ့ စုတ်ပြတ်သတ်သွားအောင်... ပြီး အရှိန်တငြီးငြီးနဲ့ သူကိုယ်တိုင်လောင်မြှိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ ကူးစက်ပြာချလိုက်ဖို့ ဝန်မလေးလောက်အောင်လည်း စိတ်ဓာတ်တွေဟာ အောက်တန်းကျလှ... တဘဝစာလေးကို အဲဒီလောက်တောင် လုပ်ရက်ကြတယ်လို့ မင်တက်ရင်နာကြရင်း ငါတို့ဟာ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ခေါင်းအစ ခြေအဆုံး တဆင့်ပြီး တဆင့် တရစ်ပြီး တရစ် နစ်သထက် နစ်လို့.... ငါ၊ သူတပါး၊ ယောကျာ်း, မိန်းမ မရှိဘူးလို့ နှလုံး...
အစွဲအလမ်းတခုကို ပြတ်တောက်သွားဖို့ ဒါမှမဟုတ် ဖြတ်တောက်ပစ်လိုက်ဖို့ အချိန် ဘယ်လောက်လောက် ယူရသလဲ။ စိတ်ကို ပြင်ဆင်ဖို့ နေသားကျဖို့ လက်ခံလိုက်ဖို့အတွက် လိုတဲ့ အချိန်လား။ ကိုယ့်ဘဝမှာ စွဲစွဲလမ်းလမ်းရှိခဲ့တဲ့ အရာတခုဆိုရင် ကော်ဖီပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ် သိတတ်စ အရွယ်က စပြီး ကော်ဖီဟာ နံနက်စာထဲ မဖြစ်မနေ ပါခဲ့တာပဲ။ ကော်ဖီမကြိုက်တဲ့ မေမေ့သမီးပေမဲ့ ကော်ဖီကြိုက်တဲ့ မားမားလာရင်တော့ ညဖက်ပါ ကော်ဖီနဲ့မုန့် သောက်ရတာပေါ့။ တခါတလေ ကိုယ်စွဲလမ်းနေတယ်ဆိုတာဟာ အလေ့အကျင့်တွေကနေ လာခဲ့တာကိုး၊ အဆောင်ရောက်တော့လည်း ကော်ဖီမတ်ခွက် တခွက်ဟာ အပြင်မထွက်ချင်တဲ့အခါ နေ့လည်စာလည်း ဖြစ်ရင် ဖြစ်သွားတာပါပဲ။ လူကြီးတွေ ဖျော်ပေးလို့ သောက်ရတဲ့ ကော်ဖီတွေကနေ ကိုယ့်ဟာကိုယ်ဖျော်သောက်၊ နောက် ကော်ဖီဆိုင်တွေမှာ သောက်၊ နောက် ကလေးတွေကို ဖျော်ခိုင်းပြီး သောက်နေတာ သားကြီးတောင် အသက် ၂၀ တော်တော် ကျော်ခဲ့ပြီပေါ့။ တခါတလေ ရှိရင်းထက် ပိုစွဲနေလို့ အစွဲအလမ်းဖြစ်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကော်ဖီတခွက်နဲ့ စာအုပ်တအုပ်ရှိနေရင် ရပြီးလို့ ကော်ဖီကို ထမင်းအစားထိုးလို သောက်တတ်နေခဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ခြင်းတမျိုးပေါ့။ မဖြစ်မနေ လုပ်ကို လုပ်ရမ...

February 25, 2019 · ငြိမ်းအေးရာသို့ (၁)

Theingi Nwai added 25 photos and a video. ဖားအောက်တောရမှာ သီလရှင်ဝတ်ဖြစ်ခဲ့တာ ကိုယ့်ဘဝမှာ ဒုတိယအကြိမ် သီလရှင်ဘဝကို ခံယူခဲ့ခြင်းပါ... ပထမတကြိမ် ၂၀၀၈ ကနဲ့ဆိုရင် ၁၀ နှစ် ခြားခဲ့ပြီပေါ့... ငယ်ငယ် ကလေးဘဝကထဲက စစ်ကိုင်းတောင်ရိုးက ကိုယ်တွေရဲ့ ဖွားလေး သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ အကြောင်း ရင်းနှီးနေပေမဲ့ သီလရှင်ဝတ်ဖို့ ကိစ္စကို အိမ်က စိတ်မထက်သန်လို့ အိမ်ထောင်ကျပြီးမှပဲ သီလရှင်ဝတ်ဖူးတော့တယ်။ ( ဖွားလေး ဒေါ်မာလာရီရဲ့ ထေရုပတ္တိကို ခု ပါချုပ်ဆရာတော်ဘုရားကြီး ငယ်စဉ်က စာအုပ်ရေးဖူးပါတယ်) ဖားအောက်ယောဂီတွေ မြင်တိုင်း အထူးသဖြင့် ဆရာလေးတွေ ဖူးမြင်ရတိုင်း ဖားအောက်တောရမှာ သီလရှင်ဝတ်ချင်စိတ်တွေ ဖြစ်မိခဲ့တယ်။ အိမ်က အမျိုးသားကို ပြောမိရင် သူက သွားပေါ့ တစ်လလောက်လို့ ပြန်ပြောလေ့ ရှိခဲ့တယ်။ ဒီလိုနဲ့ ကလေးတွေက ၁၈.၂.၁၈ မှာ ကျောင်က လေ့လာရေးခရီးသွားကြတယ်။ အဲဒီအချိန်တွင်းမှာပဲ ကိုယ့်ရဲ့ အချိန်တွေကို သတိပြုမိလိုက်တယ်။ သမီး၊ဇနီး၊ မိခင်တယောက်ရဲ့ တာဝန်တွေကြားထဲက ကိုယ့်ရဲ့ အချိန်ဟာ ဒီအချိန်လေးပဲ ဆိုတာကို.....။ အသက်ကြီးရင့်လာကြတဲ့ မိဘနှစ်ပါးရဲ့ ကျန်းမာရေး အခြေအနေ၊ အရွယ်ရောက်လာကြတဲ့ ဆယ်ကျော်သက်ရွယ် သားသမီးတွေကို ထိန်း...
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ငါတို့ တိုင်းပြည် အမှောင်ကျခဲ့တာ ၉ လ လွန်ခဲ့ပြီးနောက်... ရောင်နီလာခဲ့ပြီ...