Skip to main content

Posts

"ယောနိသော မနသိကာရ" တဲ့ နှလုံးသွင်းမှန်ကန်မှုလို့ ဆိုကြတဲ့ စကားစုလေးပေါ့...  ကိစ္စရပ်တခုတည်း အာရုံတခုတည်းကိုပဲ ကိုယ့်ရဲ့ နှလုံးသွင်း မှန်ကန်မှု၊ မမှန်ကန်မှုပေါ် မူတည်ပြီး ရလဒ်ကလည်း ပြောင်းလဲသွားတတ်တာမျိုး... ကြားဖူးနေကျ ဥပမာဆိုရင် ဖိတ်စင်သွားတဲ့ ရေတဝက်နဲ့  ကျန်နေသေးတဲ့ ရေတဝက် ပေါ့…. ကိုယ့်အမြင် ကိုယ့်လက်ခံမှုပေါ်မူတည်ပြီး ရတဲ့ အကျိုးဆိုတာက ကိုယ့်စိတ်ခံစားမှုနဲ့ ပိုနီးစပ်မယ်ထင်တယ်...ကုသိုလ်, အကုသိုယ်၊ ကောင်းကျိုး ဆိုးပြစ်တွေက ဝေးနေသေးလို့... ဒီကနေ့တော့ စားမယ်လို့ အပတ်တိုင်း ကြိမ်းဝါးထားတဲ့ နံနက်စာ ဘူးဖေးကို တကယ် သွားစားဖြစ်ကြတယ်.... သူတို့က နံနက်စာဆိုပေမဲ့ ကိုယ်တွေတွက်တော့ ဘရန့်ချ် ပေါ့…အရင်တခေါက်က အစားအသောက်ဖက် အာရုံစိုက်နေလို့ နောက်ဆို အေးအေးဆေးဆေး စကားလေးပြောရင်း စားကြတာပေါ့လို့ ဆိုတဲ့ အခေါက်မှ အချိန်က ကမန်းကတန်း….  ရိပ်သာတွေ ငယ်ငယ်ကတည်းက သွားထားလို့  အတိုင်းအဆ သတိထားတတ်အတဲ့ အလေ့အကျင့်ကြောင့် အစားအသောက်နဲ့  ပတ်သက်ပြီး သိပ်ပြီး ဒုက္ခမများဖူးဘူး... မျက်နှာချင်းဆိုင် နှစ်ယောက်သား စားလိုက် သောက်လိုက် စကားပြောလိုက်နဲ့ပေါ့.... ပြီးတော့ Sprit ဘက်သွားပြီး အပေါ်မှန်ကွဲနေတဲ့ ဖုန်းကို
Recent posts

Let It Be!!

ခုလို အခြေအနေကြီးထဲ ဘယ်သူ့ဘယ်သူမှ မကူမကယ်နိုင်အောင် ကိုယ်စီ ကိုယ်ငှ အပူတွေနဲ့ရယ်.... ပြောရမယ်ဆို.... ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်… သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်…. ခုတော့လည်း.... အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ... အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး.... ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး... ခုတော့.... ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ.... ဆက်ပြီး အကြီးမခံတော့ဘူး.... ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်... အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ... အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်...  အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျိုးစုံ စဉ

၁၂၀၅

စိတ်ထဲ မအေးတိုင်း ဒီမှာ စာလာရေးဖြစ်နေပြန်တယ်...only me နဲ့ ရေးထားရမယ်ထင်ရဲ့.. သားသမီးတွေကို ဘယ်လို မပူပါဘူးပဲ ပြောပြော ရင်ထဲမှာတော့ မအေးတဲ့ ခံစားမှုမျိုး... သားကြီး အစစ အရာရာ အဆင်ပြေပါစေ... လောကကြီးမှာ ဒီလိုပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြရတယ် ဆိုပေမဲ့ အဆင်ပြေရင် ပိုကောင်းစေချင်တာကလည်း ကိုယ့်အလိုဆန္ဒ လောဘပဲဖြစ်မှာပေါ့... ခုချိန် ကိုယ်တွေအရွယ်က ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ကြား ကြားညှပ်နေတဲ့ မျိုးဆက်ပေါ့...ခေတ်ကြပ်ကြီးထဲဆိုတော့ ပိုပင်ပန်းတယ်...ဝန် နှစ်ခုကို balance ဖြစ်အောင် ကြိုးစားနေရတာနဲ့ပဲ ကိုယ်တိုင်ကျ out of balance ဖြစ်နေသလိုပါပဲ... ဒီနေ့ ဒီဇင်ဘာ ၅ ရက်...အရင်က လွမ်းတာတွေ များလို့လား မသိ..ကျောင်းကို လွမ်းတဲ့စိတ်ဟာ ခြောက်ကပ်ပြီး သေသွားတဲ့ သစ်ခြောက်ပင်လိုပဲ....ခုလိုကာလထဲ ဒီအငွေ့အသက်နဲ့ ကင်းပြီး စိတ်မဖြစ်တတ်တော့တာလည်း ကိုယ့်အတွက် မလွတ်မြောက်ခြင်းပဲ.... ကြာလာရင် ဒါကိုပဲ စွဲလမ်း addict ဖြစ်သွားမလားတောင် စိုးရိမ်လာမိတဲ့ အထိ... ဒီနေ့ ကြက်ရေချိုချက်တယ်။ ထိုင်းလို ကြက်ဥနဲ့ ဆူးပုပ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိထောင်း.... လူကြီးတွေအတွက် ဟင်းချက်ပြီးမှ အပြင်ကမန်းကတန်းထွက်ရတော့ ထမင်းစားဖို့ အချိန်မရ၊

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်
တခါတလေ ဘဝမှာ ဘာမှမလုပ်ပဲ herbination ကို အလုပ်တခုလို လုပ်နေရတဲ့ အချိန်တွေ ရှိတယ် မဟုတ်လား...<- font=""> ခုလည်း စုစည်းလို့ မရတဲ့ စိတ်တွေကို အဆိုးဘက်ရောက်မသွားအောင် ရုပ်ရှင်ကြည့်လိုက် တရားနာလိုက်နဲ့ ချော့မော့နေရတယ်... ကုသိုလ်အလုပ်တွေမှာ အာရုံစူးစိုက်လို့ မရတော့ မောဟမှာပဲ မျောမျော ....မျှောပစ်လိုက်တော့တာပါပဲ... ခက်တာက ကိုယ်ကြိုက်တဲ့ drama တွေက စိတ်ပင်ပန်းစရာတွေဆိုတော့ အမောမပြေ ပိုမောလေဆိုသလို.... ဒါနဲ့ လွှတ်ထားလို့ကလည်း မဖြစ်တော့ "ထာဝရငြိမ်းချမ်းရေး" ဆိုတာကို ရသလောက် ယူသွားနိုင်ဖို့ ကြိုးစားရတော့တာပေါ့... ဒီနေ့အဖို့ သဘောကျနေတာက... သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ ၊ ပညာ တရားငါးပါးနဲ့ ပြည့်စုံအောင် ဖြည့်ကျင့်နေထိုင်ပြီး ဒီဘဝ တမဂ်တဖိုလ် မရနိုင်သေးလို့ နောက် နောက် ဘဝတွေ ထပ်နေရဦးမယ်ဆိုရင် ကိုယ်လားရာဘဝတွေ ရွေးချယ်ထားလို့ ရသတဲ့... ကိုယ့်မှာ ပြုကျင့်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိလျက်သားနဲ့ ဘယ်ဘုံဘဝလို့ စိတ်ထဲ သတ်မှတ် ရွေးချယ်ထားတာမရှိရင် ကောင်းတဲ့ ဘုံဘဝတော့ ရောက်ချင်ရောက်မယ် .. တိတိကျကျတော့ မဖြစ်နိုင်တဲ့ အပြင်  နိကန္တိဆိုတဲ့  အစွဲတွေ ရှိနေတတ်လို့ နိမ့်ကျတဲ့ ဘုံဘဝတွေကိုလည်း ရောက်သွ

No Letting Go | AWARD WINNING | Full Drama Movie | English

Sophie's Choice